တရားလွတ်တော်ရှေ့နေဦးကိုနီ နှင့်အငှါးယဉ်မောင်း ဦးနေဝင်းကွယ်လွန်ခြင်း ၁နှစ်ပြည့်အခန်းအနားကို ယနေ့ဇန်နဝါရီ၂၈ရက်နေ့ က ရန်ကုန်တိုင်းဒေသကြီး ၊ကျောက်တံတားမြို့နယ် ၊ပန်းဆိုးတန်းလမ်း အောက်ဘလောက် အမှတ်၅၄၂၊ CAFE in TOWNတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအမှုကို လိုက်ပါဆောင်ရွက်နေ သောမိမိကို ခြိမ်းခြောက်မှုများရှိနေကြောင်း ၊ တရားခံကြည်လင်း ၏ ထောင်ထဲတွင် ပျော်ရွှင်စွာဓာတ်ပုံရိုက်ထားသောက်ပုံများ လိုင်းပေါ်တွင်တွေ့ရသည်မှာ တရားဥပဒေ စိုးမိုးမှုကိုစိန်ခေါ်ရရောက်ကြောင်းနှင့် ထောင်ထဲတွင်ဖုန်း ၊ရေဒီယို ၊ကင်မရာသုံစွဲခွင့်မရှိကြောင်း မြန်မာနိုင်ငံရှေ့နေများကွန်ရက် အတွင်းရေးမှူး ဦးရောဘက်စန်းအောင်ကပြောသည်။
"ကျွန်မယောကျာ်းတွက်ဂုဏ်ယူတယ်။ ဒါပေမယ့်သတိရတာပေါ့ ကောင်းရာမွန်ရာရောက်ပါစေ။ကျူးလွန်သူတရားခံတွေကိုလဲ ထိုက်တန်တဲ့အပြစ်ပေးစေချင်ပါတယ်" ဟုအငှါးယာဉ်မောင်းဦးနေဝင်း၏ဇနီးက ငိုလျက်ပြောသည်။
အဆိုပါ၁နှစ်ပြည့် အခမ်းအနား တွင် ဆရာတော်သံဃာတော်များထံမှအနုမောဒတရား နာယူ၍ ရှေ့နေ ဦကိုနီနှင့် အငှါးယာဉ်မောင်း ဦးနေဝင်းတို့အား ရေစက်ချအမျှဝေပြီး သံဃာတော်များအားနေ့ဆွမ်း ဆက်ကပ်ခဲ့ကြောင်းသတင်းရရှိသည်။
ချစ်ကိုကို ၊ သားချမ်းမြတ်
News Watch
0 comments:
Post a Comment