Sunday, January 28, 2018

FDA ဝန်ထမ်း မရွှေရည်ဝင်းအတွက် ရွှေတိဂုံစေတီတော်တွင် ဆုတောင်းအမျှဝေ


အဓမ္မပြုကျင့်သတ်ဖြတ်ခံရသည့် FDA(အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန)ဒုကြီးကြပ်ရေးမှူး မရွှေရည်ဝင်းအား ရည်စူး၍ အမျိုးသမီးအများစု ပါဝင်သော လူ၅၀ ခန့်က ယမန်နေ့ညနေ ၆ နာရီတွင် ရွှေတိဂုံစေတီတော်ဗုဒ္ဓဟူးထောင့်၌ သံဃာတော်သုံးပါးအား သင်္ကန်းကပ်လှူ၍ ဆုတောင်းအမျှဝေခဲ့သည်။
‘‘အမေတစ်ယောက်ခံစား ချက် ၂၆ နှစ်လုံးလုံး သူ့ (မရွှေရည် ဝင်း)အမေ ဘယ်လိုမွေးလာရသ လဲ၊ ဒီလိုပညာတတ်အောင် ဘယ်လိုလုပ်ထားရသလဲ၊ အန်တီရဲ့ ဒုတိယသမီးလေးကလည်း အရာ ရှိပါ။ နေပြည်တော်ကို သွားရ တယ်။ အဲဒီလို နှလုံးသားခံစား ချက်နဲ့ ရောက်လာတာပါ’’ဟု ဆု တောင်းပွဲတွင် ပါဝင်အမျှဝေခဲ့ သည့် အသက်(၆၅)နှစ်အရွယ် အ ငြိမ်းစားဆရာမ ဒေါ်ဆွေဆွေလဲ့ က မျက်ရည်ဝဲလျက်ဆို သည်။

ယင်းဆုတောင်းပွဲသည် FDAဝန်ထမ်းအမျိုးသမီး လိင်ပိုင်းဆိုင် ရာ အနိုင်ကျင့်ခံရပြီး အသတ်ခံရ သဖြင့် ဖွဲ့စည်းခဲ့သည့် မြန်မာအမျိုးသမီးများစောင့်ရှောက်ရေးအ ဖွဲ့၏ပထမဆုံး လှုပ်ရှားမှုဖြစ်ပြီး မိသားစုဝင်အချို့ လည်း ပါဝင်ခဲ့ သည်။ ၎င်းတို့အဖွဲ့က လူမှုကွန် ရက်တွင် ဇန်နဝါရီ ၂၈ ရက်ညနေ၌ FDA ဝန်ထမ်းအမျိုးသမီး အတွက် ဆုတောင်းပွဲပြုလုပ်မည်ဖြစ် ပြီး မည်သူမဆို ပါဝင်နိုင်ကြောင်း ကြေညာခဲ့သည်။

ယင်းအဖွဲ့၏ ဒုတိယလှုပ် ရှားမှုကို FDA ဝန်ထမ်းအမျိုးသမီး အား အဓမ္မကျင့် သတ်ခဲ့ကြောင်း ဝန်ခံထားသူ မျိုးဇော်ဦးကို ရုံးထုတ်မည့် ဖေဖော်ဝါရီ ၈ ရက်တွင်စတင်မည်ဖြစ်သည်။ အဆိုပါရုံး ချိန်းတွင် ဗီနိုင်းများ ကိုင်ဆောင် ၍ ကြီးလေးသည့် ပြစ်ဒဏ်ချမှတ်ရန် တောင်းဆိုမည်ဟု အဖွဲ့တာဝန်ရှိ သူများက ပြောသည်။

အဖွဲ့၏ရည်ရွယ်ချက်သည် မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခြင်းကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ရန်နှင့် လွတ်ငြိမ်းချမ်း သာခွင့်မပေးရန်  ဖြစ်ကြောင်း အဖွဲ့ တည်ထောင်သူ မနှင်းရည်အေးက ပြောသည်။ ယခု ၎င်းတို့၏အဖွဲ့တွင် အမာခံလူ၅၀ ခန့်ရှိကြောင်း ပြောသည်။

လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုများကို ကြီးလေးသည့် ပြစ် ဒဏ်ချမှတ်ရာတွင် လွတ်ငြိမ်းချမ်း သာခွင့်နှင့် လျှော့ရက်များမပေး ရန်နှင့် ဥပဒေဆိုင်ရာ လိုအပ်ချက် များကို လွှတ်တော်၌ သွားရောက် ဆွေးနွေးလိုကြောင်း မနှင်းရည် အေးက ပြောသည်။

ဒဂုံမြို့နယ်နေ အသက်(၂၆) နှစ်အရွယ် FDA ဝန်ထမ်း မရွှေရည် ဝင်းသည် ဇန်နဝါရီ ၂၀ ရက်က ၎င်း၏နေ အိမ်သို့ ပြန်ရန် လှည်း တန်းလမ်းဆုံအနီးတွင် တက္ကစီငှားစီးရာ ယာဉ်မောင်း၏အဓမ္မပြု ကျင့်အသတ်ခံ ရခြင်းဖြစ်သည်။

‘‘ဥပဒေမှာ မျက်လုံးတစ်လုံး ဆုံးရင် မျက်လုံးတစ်လုံးပေးရမယ် ဆိုတာမျိုး မလုပ်ပေမယ့် ဒီလို သမီးမျိုးလေး ဘယ်လိုပြန်လျော် ပေးမလဲ၊ ပညာတတ်ဖြစ်အောင် ဘယ်လိုပြန်လုပ်ပေးမလဲ။ အဘွား ကြီးလည်း မလုံခြုံ ဘူး။ ကလေး လေးလည်း မလုံခြုံဘူး။ ဘယ်နား သွားနေမလဲ’’ဟု ဒေါ်ဆွေဆွေလဲ့ က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၇ အတွင်း မုဒိမ်းမှုနှင့်လူသတ် မှုအများဆုံးဖြစ်ပွားပြီး မုဒိမ်းမှု ၂၇၀ မှု၊ လူသတ်မှု ၁၅၆ မှုရှိခဲ့ ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

7Day

0 comments:

Post a Comment