Sunday, January 28, 2018

တနိုင်းက ကေအိုင်အေ စခန်းများ သိမ်းပိုက်ရရှိဟု တပ် သတင်းထုတ်


ကချင်ပြည်နယ်၊ တနိုင်းဒေသက ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ရဲ့ စခန်းတွေ သိမ်းပိုက်ရရှိ တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၂ ရက်ကစပြီး တနိုင်းဒေသမှာ တပ်မတော်နဲ့ ကေအိုင်အေတို့  ထိတွေ့မှု ၁၀ ကြိမ်၊ မိုင်းဖြစ်စဉ် ၃ ကြိမ်ဖြစ်ပွားခဲ့တယ်။

ကေအိုင်အေရဲ့ အကောက်ခွန်ဂိတ် ၁ ခု၊ စခန်းငယ် ၁ ခုနဲ့  လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်စဉ်များအတွင်း ရန်သူတချို့သေဆုံးခဲ့တယ်။

တပ်မတော်က စစ်သည်တချို့ ကျဆုံး/ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပေမယ့် ဘယ်နှယောက် ထိခိုက် သေဆုံးတယ်ဆိုတာတော့ ဖော်ပြမထားပါဘူး။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်က ရွှေနဲ့ပယင်းမှော်တွေ တဝိုက်မှာ မြန်မာ့တပ်မတော်နဲ့ ကချင် လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တို့ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံ ထောင်ချီ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောဆိုနေတုန်း တပ်မတော်က ခုလို သတင်းထုတ်ပြန်လာတာ ဖြစ်ပါတယ်။

တပ်မတော်က တိုက်လေယာဉ်တွေသုံးပြီး တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦးထက် မနည်း ဒဏ်ရာရရှိ ခဲ့တယ်လို့လည်း ဒေသခံတွေကပြောဆိုနေပေမယ့် တပ်မတော်သတင်း မှာတော့ တိုက်လေယာဉ်သုံး တိုက်ခိုက်ခဲ့တယ်ဆိုတာ ဖော်ပြမထားပါဘူး။

DVB

0 comments:

Post a Comment