အမေရိကန် ဝါရင့်သံတမန်ဟောင်း ဘေးလ်ရစ်ချတ်ဆန်ကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့ဝင်အဖြစ်ကနေ ရပ်စဲကြောင်း နိုင်ငံတော်အတိုင်ပင် ခံရုံးဝန်ကြီးဌာနက ဇန်နဝါရီ ၂၅ ရက်မှာ ကြေညာပါတယ်။
အစိုးရအနေနဲ့ ရခိုင်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ရာမှာ ပကတိ မြေပြင်အခြေ အနေနဲ့ ကိုက်ညီစွာ တတ်နိုင်သလောက် အချိန်တိုအတွင်း အကောင်အထည်ဖော်သွားမယ်။ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး လွတ်လပ်ပွင့်လင်းတဲ့ အကြံပြုချက်တွေရဖို့ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ အကြံပေးအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။
ဘေးလ်ရစ်ချတ်ဆန်ကတော့ အကြံပေးအဖွဲ့ဟာ ရိုဟင်ဂျာကိစ္စကို ဖုံးကွယ်ဖို့ ကြိုးစားနေတယ်၊ ဒေါ်အောင် ဆန်းစုကြည်ဟာလည်း ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ ခေါင်းဆောင်မှု ပေးဖို့ ပျက်ကွက်တယ်လို့ စွပ်စွဲပြော ဆိုပြီး အကြံပေးအဖွဲ့ဝင်အဖြစ်က နုတ်ထွက်ကာ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။
DVB
0 comments:
Post a Comment