Tuesday, January 30, 2018

ဗေဒင်ဆရာ အောင်ချစ်ပို မနက်ဖြန်(ဇန်နဝါရီ ၃၁ ရက်)တွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပမည်


ကိုးထပ်ကြီးဘုရားမှ ဗေဒင်ဆရာတစ်ဦးသည် ဗေဒင်မေးသူ အမျိုးသမီးအချို့အပေါ်တွင် ကာယိနြေ္ဒပျက်ပြားစေရန် ပြုလုပ် သည်ဟုဆိုကာ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ကိစ္စနှင့်ပတ်သက်၍ ဇန်နဝါရီ ၃၁ ရက်တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပ သွားမည်ဖြစ်ကြောင်း ဗေဒင်ဆရာအောင်ချစ်ပိုက အကုန်သိသတင်းဌာနသို့ ပြောသည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ စုံစမ်းရန် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ကို ညွှန်ကြားထားကြောင်း သိရသည်။

“ ဝန်ကြီးစုံစမ်းခိုင်းတယ်ဆိုတာတော့ မသိပါဘူး။ ဇန်နဝါရီ ၃၁ ရက် သတင်းစာရှင်းလင်းပွဲ လုပ်မယ်ဆိုတာ ဟုတ်ပါတယ်။ ဘာအကြောင်းရှင်းမယ်ဆိုတာ သိချင်လာခဲ့ပါ” ဟု ဗေဒင်ဆရာ အောင်ချစ်ပိုက အကုန်သိသတင်းဌာနသို့ ပြောသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၃၁ ရက် နံနက် ၁၀ နာရီတွင် ကမ္ဘာအေးဘုရားဝင်းရှိ ဆရာကြီး စောရန်နိုင်၏ ဟောခန်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လတ်တလောတွင် ဦးအောင်ချစ်ပိုသည် Eleven Media မှ အယ်ဒီတာ ကိုဖြိုးဝေဝင်းကို ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။

ထို့အပြင် အမည်မဖော်လိုသူ အမျိုးသမီးတစ်စုက ဗေဒင်ဆရာ အောင်ချစ်ပိုကို ဂေါပကထံတိုင်တန်းထားသည့်အပြင် ရဲစခန်းတွင် အမှုဖွင့်လှစ်ရန်လည်း စီစဉ်နေကြောင်း သိရသည်။

AKon Thi

0 comments:

Post a Comment