Monday, January 29, 2018

ဆန္ဒပြကျောင်းသားကျောင်းသူများကို ကျောင်းထုတ်လိုက်တဲ့အစိုးရရဲ့လုပ်ရပ်ဟာ ကျောင်းသားထုကိုစိန်ခေါ်တာဖြစ်တယ်လို့ ဗကသများအဖွဲ့ ချုပ်ပြော


ဆန္ဒပြကျောင်းသားကျောင်းသူများကို ကျောင်းထုတ်လိုက်တဲ့အစိုရရဲ့ လုပ်ရပ်ဟာ ကျောင်းသားထုကို စိန်ခေါ် လိုက်တာဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂများအဖွဲ့ ချုပ်က ဒီကနေ့ထုတ်ပြန်ပြော ပါ တယ်။
ဗကသများအဖွဲ့ ချုပ်ဟာ သင်္ဃန်းကျွန်းမြို့ နယ်ရှိ ရွှေသိမ်ဓမ္မသီဂီကျောင်းတိုက်မှာ သတင်းမီဒီယာများနဲ့ တွေ့ ဆုံပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး ဆန္ဒပြကျောင်းသားကျောင်းသူ များကို ကျောင်းထုတ်ခဲ့တဲ့ကိစ္စအပါအ၀င် ဒီမိုကရေစီပညာရေးတောင်းဆိုချက်(၁၁)ချက် ယခုတိုင်မရရှိသေး တာနဲ့ ပတ်သတ်ပြီးဆက်လက်တောင်းဆိုသွားမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။

''ကျောင်းထုတ်တဲ့အခါမှ တစ်ပြိုင်တည်းလည်းထုတ်တာမဟုတ်ဘဲနဲ့ ပထမဆုံးအကြိမ်တစ်ကျောင်းကို ထုတ် လိုက်တယ်။ပြီးတဲ့အခါ အဲဒီိအခြေအနေကိုကြည့်ပြီိးတော့ တစ်ခြားကျောင်းတွေကပါ တဖွဲဖွဲထုတ်တယ်။ ဒါဟာ ကျောင်းသားတွေကို စိန်ခေါ်လိုက်တာဖြစ်တယ် ၊ကျောင်းသားထုကိုစိန်ခေါ်လိုက်တာဖြစ်တယ်။

ဒါကို ကျွန်တော်တို့ အနေနဲ့ လက်မခံဘူးဆိုတာကို နံပတ်တစ်အနေနဲ့ ပြောချင်တယ်။ ပြီးတော့ သူတို့ ကို ထုတ်တဲ့ကျောင်း စည်းကမ်းတွေကို ကြည့်တဲ့အခါမှလည်း ဒီမိုကရေစီစံချိန်စံညွန်းတွေနဲ့ မညီဘူး။ အစိုးရသစ် တက်လာတဲ့အခါ ဒီမိုကရက်တစ်အစိုးရလို့ ပြောနေပေမယ့် ဒီိမိုကရေစီစံချိန်စံညွှန်းနဲ့ မညီတဲ့ကျောင်းစည်း ကမ်းတွေရှိနေတဲ့အပေါ်ကိုလည်း ကွန်တော်တို့ ဆန့် ကျင်တယ်'' လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂများအဖွဲ့ ချုပ်မှ အထွေထွေအတွင်းရေးမှူး ကိုကောင်းထက်ကျော် ကပြောပါတယ်။

အဲဒီနောက် ကျောင်းထုတ်ခံလိုက်ရတဲ့ ကျောင်းသားကျောင်းသူများကို ဘာအတားအဆီး၊ ဘာအနှောင်အဖွဲ့ မှမရှိစေဘဲ ကျောင်းပြန်လည်တက်ရောက်ခွင့်ပေးဖို့ ကိုလည်း ဗကသများအဖွဲ့ ချုပ်က ဒီကနေ့  တောင်းဆို လိုက်ပါတယ်။

ကျောင်းသားတွေရဲ့ တောင်းဆိုမှုများကို အစိုးရဘက်မှ ဘာလုပ်မလဲဆိုတဲ့ အချက်အပေါ် စောင့်ကြည့်ပြီး လှုပ်ရှားမှုများဆက်လက်လုပ်ဆောင်သွားမယ်လို့ လည်း သူတို့ ကဆိုပါတယ်။

ဒီမိုကရေစီစံချိန်စံညွှန်းနဲ့ မညီတဲ့ကျောင်းစည်းကမ်းတွေကို အစိုးရမှ ပြန်စဉ်းစားပြီးပယ်ဖျက်ပေးရန်၊ မတရားတဲ့ပြစ်မှုပြစ်ဒဏ်များကို ပယ်ဖျက်ပေးရန်၊ လွတ်လပ်စွာတောင်းဆိုဆန္ဒပြတဲ့ကျောင်းသားများကို ကျောင်းထုတ်လိုက်တဲ့ကိစ္စကို အစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့ က အမြန်ဆုံးဖြေရှင်းပေး၇န်၊ ကျောင်းမှထုတ် ပယ်ခြင်းဆိုတဲ့စာတွေကို အမြန်ဆုံးပြန်ရုတ်သိမ်းပေးရန်စတာတွေကို အစိုးရက ဆောင်ရွက်ပေးမှသာ သိက္ခာပြန်ဆယ်နိုင်မှာဖြစ်တယ်လို့ ဗကသများအဖွဲ့ ချုပ်ကပြောကြားခဲ့ကြပါတယ်။

ပညာရေးဘတ်ဂျတ်တိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ကျောင်းသားကျောင်းသူများထဲမှ ရတနာပုံတက္က သိုလ်မှ ကျောင်းသားကျောင်းသူ ၁၄ ဦး၊ ရမည်းသင်းတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ ၁၁ ယောက်၊ မိတ္ထီလာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ ၁၀ ယောက်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ ၆ ယောက်၊ မိုးညှင်းဒီဂရီကောလိပ်မှ ကျောင်းသားကျောင်းသူ ၄ ယောက်တို့ကို ကျောင်းထုတ်ခဲ့တာဖြစ်ပါတယ်။

ဖြိုးထက်အောင်
ဓါတ်ပုံ - ကောင်းစွမ်းသာ
Popular News Journal  

0 comments:

Post a Comment