Saturday, January 27, 2018

မိုင်းဖုန်းဆရာတော် ‘၀’ဒေသသို့ ကြွရောက်

မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် ‘၀’ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့ သို့ ဇန်န၀ါရီ ၂၇ ရက်က ကြွရောက်ပြီး ၀ိပဿနာတရားတော်ချီးမြှင့်ခဲ့သည်။ ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ဥက္ကဋ္ဌဦးခွန်ထွန်းလူ၏ ပင့် ဖိတ်ချက်အရ ဆရာတော်ကြွ ရောက်ခြင်းဖြစ်သည်။

ဟိုပန်မြို့ သာသနာ့ရောင် ခြည်ကျောင်းတိုက်တွင် ဟော ကြားသည့် ဆရာတော်တရားပွဲသို့ ဟိုပန်ပြည်သူများအပြင် လောက် ကိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံနှင့် တရုတ်နိုင်ငံတွင် အလုပ်လုပ်နေ သည့် ရှမ်းလူမျိုးများပါ လာ ရောက်နာယူခဲ့သည်။
ဆရာတော်သည် မိုင်းရယ်မှ ကြွလာပြီး ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းသို့ ဆက်လက်ကြွချီမည် ဖြစ်သည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်တွင် သီတင်းသုံးသည့် မိုင်းဖုန်းဆရာတော်သည် ရှမ်းလူ  ထုသာမက နိုင်ငံ့ခေါင်းဆောင် များကပါ ကိုးကွယ်သည့် ထင်ရှား ကျော်ကြားသော ဆရာတော်တစ် ပါး ဖြစ်သည်။
ယမန်နှစ်နိုဝင်ဘာ ၂၄ ရက်က နေပြည်တော်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၏ နေအိမ်သို့ ကြွရောက် အပူဇော်ခံခဲ့သည်။
မိုင်းဖုန်းဆရာတော်သည် ၂၀၁၆ ဇူလိုင် ၈ ရက်ကလည်း နေပြည်တော်သို့ ကြွရောက်ခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ဆရာတော် ခေတ္တသီတင်းသုံး နေသည့် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး ပရိဝုဏ်ရှိ သံဃာရာမ ဆောင်သို့ သွားရောက်ဖူးမြော် ခဲ့သည်။
ဆရာတော်သည် နေပြည် တော်သို့ မကြွရောက်မီ ရွှေတိဂုံ စေတီတော်နှင့် ကျိုက်ထီးရိုးစေတီ တော်သို့ သွားရောက်ဖူးမြော်ခဲ့ သည်။ ဆရာတော် ရန်ကုန်မြို့၌ ခေတ္တသီတင်းသုံးနေစဉ် နိုဝင်ဘာ ၂၂ ရက်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆရာတော်အား သွားရောက်ဖူးမြော်၍ အရုဏ်ဆွမ်းဆပ်ကပ်ကာ သြ၀ါဒခံယူခဲ့သည်။

7Day 

0 comments:

Post a Comment