Wednesday, January 24, 2018

ဆောက်လုပ်ရေးဝန်ကြီးဌာန တည်ဆောက်ရေးမလုပ်ဘဲ ကြီးကြပ်ရေးသာ ဆောင်ရွက်မည်


ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ၂၀၂၀ နှစ်ကုန်ပိုင်းကစလို့ တည်ဆောက်ရေး လုပ်ငန်းတွေ ကိုယ်တိုင် မလုပ်တော့ဘဲ ကြီးကြပ်ရေးအပိုင်းသာ ဆောင်ရွက်မယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးကျော်လင်းက ပြောပါတယ်။
ဇန်န၀ါရီ ၂၄ နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သြစတြီးယားနိုင်ငံက ချေးငွေရယူဖို့ ကိစ္စ အတွက် ပြန်လည်ရှင်းလင်းတာမှာ အခုလို ထည့်သွင်းပြောဆိုတာ ဖြစ်ပါတယ်။

ဒုဝန်ကြီး ဦးကျော်လင်းက“ Regulatory Body စတင်ကျင့်သုံးမယ့် ၂၀၂၀ ဒီဇင်ဘာလ နောက်ပိုင်းမှာတော့ ဌာနအနေနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို ကိုယ်တိုင် ဆောင်ရွက်တော့မှာ မဟုတ်ဘဲ Privatization အဖြစ် ပြောင်းလဲပြီး ပုဂ္ဂလိကအခန်းကဏ္ဍကပဲ ပါဝင်ဆောင်ရွက်သွားတော့မှာ ဆိုတာကို အရင်ကလည်း ရှင်းပြခဲ့ပြီးဖြစ်ပါတယ်။ အခု တည်ဆောက်ရေးပိုင်းနဲ့ ပတ်သက်ပြီး ပြင်ပဆောက်လုပ်ရေးကုမ္ပဏီတွေကို လည်း ရန်ကုန်မှာရှိတဲ့ သုဝဏ္ဏသင်တန်းကျောင်းနဲ့ နေပြည်တော်ရုံးချုပ်တွေမှာ Technical Transfer တွေ လုပ်ပေးနေပါတယ်” လို့ ဆိုပါတယ်။

၂၀၂၀ ဒီဇင်ဘာမှာ Regulatory Body ကိုသွားဖို့ ပြင်ဆင်ဆောင်ရွက်နေပြီး လိုအပ်တဲ့ စည်းမျဉ်းစည်း ကမ်းတွေ၊ Standard Operating Procedure(SOP) တွေကို အာရှဖွံ့ဖြိုးရေးဘဏ်က ပညာရှင်တွေနဲ့ ရေးဆွဲနေတယ်လို့ ပြောပါတယ်။

DVB

0 comments:

Post a Comment