Wednesday, January 24, 2018

မြစ်ကြီးနား KBZ ဘဏ်ခွဲဓားပြတိုက်ခံရမှု ရဲတပ်ဖွဲ့က ဓာတ်ပုံနှင့်အတူ အသေးစိတ်ထုတ်ပြန်


ကျပ်သိန်း ၉၂၀ ခန့်လုယူပြီး CCTV အထိုင်စက်ပါ ဖျက်ဆီးသွားသည့် မြစ်ကြီးနားမြို့မ ဈေး ကမ္ဘောဇဘဏ် ဓားပြတိုက် မှုကို ပြည်ထဲရေးဝန်ကြီးဌာနက ဓာတ်ပုံများနှင့်အတူ အသေးစိတ် ထုတ်ပြန်သည်။
ဆိုင်ကယ်ဦးထုပ် ကိုယ်စီ ဆောင်ထားပြီး မျက်နှာဖုံးတပ် ဆင်ထားသည့် လူငယ်လေးဦးခန့် က သေနတ်၊ သံတုတ်နှင့် ဓားရှည်များဖြင့် ဘဏ်ကို ဓားပြတိုက်ပြီး နောက် ငွေထုပ်များဆွဲသွားပုံကို ဈေးလျှောက်လမ်းရှိ လုံခြုံရေး ကင်မရာက ဖမ်းယူထားသော ဓာတ်ပုံများနှင့်အတူ ဖော်ပြခဲ့ သည်။

ဇန်နဝါရီ ၂၃ ရက် ဘဏ် ပိတ်ချိန်တွင် ဖြစ်ပွားသောဖြစ်စဉ် ၌ မြစ်ကြီးနားမြို့ စည်ပင်သာယာ မြို့မဈေးအပေါ် ထပ်ရှိ KBZ ဘဏ်ခွဲ (၁)တွင် ဘဏ်ဝန်ထမ်း ငါးဦးက ဘဏ်တံခါးများ ပိတ်ပြီး ရှေ့မှန်တံခါးတစ်ချပ်ဖွင့်၍ ဘဏ်အတွင်း စာရင်းပိတ်နေစဉ် ဝင်ရောက် ဓားပြတိုက်ခြင်းဖြစ် သည်။

၎င်းတို့သည် ဝင်ပေါက်အနီး တွင် ထိုင်နေသော လုံခြုံရေးဝန်ထမ်း ပြည့်ဖြိုးအောင်ကို ရိုက်နှက်ကာ တွဲဖက် မန်နေဂျာ ဒေါ်နန်း အေးအေးသင်းအပါအဝင် ဝန်ထမ်းလေးဦးကို ကြမ်းပြင်ပေါ်မှောက်ခိုင်းခဲ့ကြောင်း ပြည်ထဲရေး က ထုတ်ပြန်သည်။

ဘဏ်ငွေထုတ်၊ ငွေသွင်းကောင်တာအတွင်းရှိ ကြွပ်ကြွပ်အိတ်သုံးအိတ်ဖြင့် ထည့်ထား သော ကျပ်သိန်း ၉၂၀ ခန့်နှင့် CCTV အထိုင်စက်ကို လုယူပြီးနောက် ဝန်ထမ်းများထံမှ ဖုန်းတောင်းရာ ဖုန်းသုံးလုံးသာရရှိသဖြင့် ဒေါ်နန်းအေးအေးသင်းကို ရိုက်နှက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါ ရှိသည်။

ထို့နောက် ဘဏ်ရှေ့တံခါး လက်ကိုင်ကွင်းကို ကြိုးဖြင့်ချည်၍ သံဘာဂျာတံခါး သော့ပေါက် ကို ဘောပင်ဖြင့် အပြင်မှ ထိုးကာ ထွက်ပြေးခဲ့သည်။

၎င်းတို့၏ ရိုက်နှက်မှုကြောင့် လုံခြုံရေးဝန်ထမ်းပြည့်ဖြိုးအောင် နှင့် အငယ်တန်းလက်ထောက်မန်နေဂျာ ရဲမွန်တို့ ကျောကုန်းညိုမည်းဒဏ်ရာများ ရရှိခဲ့သည်။

ဒေါ်နန်းအေးအေးသင်းက တိုင်တန်း၍ လုယက်သူများကို မြစ်ကြီးနားမြို့ရဲစခန်းက ရာဇ သတ်ကြီးပုဒ်မ ၃၉၄/၁၁၄ (လု ယက်မှု/အားပေးကူညီမှု)ဖြင့် အမှုဖွင့်ထားသည်။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ဇော်ခင်အောင်ဦးစီးအဖွဲ့က အခင်းဖြစ်နေရာသို့ သွား ရောက်စစ်ဆေး ကာ တရားခံများ ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေး နေသည်။

‘‘ဖမ်းမမိသေးဘူး။ ကျွန် တော်တို့ ဒီအမှုအတွက် အစည်းအဝေးလုပ်နေတယ်’’ဟု ရဲမှူးကြီး ဇော်ခင်အောင် က ဇန်နဝါရီ ၂၄ ရက် ညက 7Day  Daily သတင်းစာအား ပြောသည်။

7Day

0 comments:

Post a Comment