Saturday, January 27, 2018

ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးကြိုးပမ်းမှုများ မအောင်မြင်ခဲ့ခြင်းကို သင်ခန်းစာယူ၍ မော်ကွန်းသစ်ရေးထိုးရမည်ဟု ငြိမ်းချမ်းရေးဘောလုံးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် သဝဏ်လွှာပေးပို့


ခေတ်အဆက်ဆက် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ မအောင် မြင်ခဲ့ခြင်းကို သင်ခန်းစာယူ၍ မော်ကွန်းသစ်ရေး ထိုးရမည်ဟု ငြိမ်းချမ်းရေးအထိမ်းအမှတ် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပေးပို့သော သဝဏ် လွှာတွင် ဖော်ပြသည်။
ဇန်နဝါရီ၂၇ ရက်က ရန်ကုန် မြို့ သုဝဏ္ဏအားကစားကွင်းတွင် အလွှာအားလုံး ပါဝင်ဆင်နွှဲသည့် ၂၁ ရာစုပင်လုံညီလာခံကို ကြိုဆို ထောက်ခံသည့် အနေဖြင့် ကျင်းပ သည့် ငြိမ်းချမ်းရေးဘောလုံးပွဲ၌ ဒေါ်အောင်ဆန်းစုကြည် သဝဏ် လွှာကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကဖတ်ကြားခဲ့သည်။

သဝဏ်လွှာတွင် ယင်း ထောက်ခံပွဲသည် ငြိမ်းချမ်းရေးကို တန်ဖိုးထားသည့် ပြည်သူတို့၏ မျှော်လင့်ချက် များဖြင့် ပြည့်နက် နေမည်ဟု ယုံကြည်ကြောင်းနှင့် ပြည်တွင်းစစ်ကို ခါးစည်းခံနေရ သည့် အိုးမဲ့အိမ်မဲ့ ပြည်သူများအ ပေါ် ကရုဏာရှိခြင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးကို မခံစားသွားရ သည့် နိုင်ငံချစ်ပုဂ္ဂိုလ်များအပေါ် သစ္စာ စောင့်သိခြင်း၊ နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်များအ ပေါ် ဆိုးမွေများကိုဖယ်ရှားပြီး ကောင်းမွေ များပေါ်ပေါက်အောင် မေတ္တာထားခြင်း စသည့်အချက် များ ဖော်ပြထားသည်။

‘‘ကျွန်မတို့နိုင်ငံမှာ ပြည် တွင်း လက်နက်ကိုင် ပဋိပက္ခများ နှစ်ပေါင်း (၇၀) တိုင်ကြာမြင့်နေပါ ပြီ။ ခေတ်အ ဆက်ဆက် ငြိမ်းချမ်း ရေးရဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ ပေမယ့် ဖြစ်မလာခဲ့တာကို သင် ခန်းစာယူပြီး ကျွန်မ တို့ခေတ်မှာ အားလုံးစုပေါင်းပြီး သမိုင်းမော် ကွန်းသစ်ကို ရေးထိုးကြရမှာဖြစ် ပါတယ်။ ငြိမ်းချမ်းရေးအတွက် ပြည်သူလူထုရဲ့ ဒီလိုတက်တက် ကြွကြွပါဝင်မှုက အထူးလိုအပ်လှ ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ လူပုဂ္ဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ အ ဖွဲ့အစည်းတစ်ခု၊ တိုင်းရင်းသား လူမျိုးစုတစ်ခုအတွက် မဟုတ်ပါ ဘူး။ ပြည်ထောင် စုကြီး တစ်ခုလုံး အတွက် ဖြစ်ပါတယ်’’ ဟု နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က သဝဏ်လွှာတွင် ထည့် သွင်းရေး သားထားသည်။

ချစ်ကြည်ရေး ဘောလုံးပွဲ မစတင်မီ ငြိမ်းချမ်းရေးအတွက် ရည်စူး၍ မိုးပျံပူဖောင်းများ လွှတ် တင်ကာ ဆုတောင်းခဲ့ပြီး ယင်းပွဲ သို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် ခဲ့သည်။

‘‘ယနေ့ခေတ်မှာ ပြည်တွင်း စစ်မရှိတဲ့နိုင်ငံတွေပဲ ကမ္ဘာကို ဦး ဆောင်နေပါတယ်။ ဒီတော့ ကျွန် တော်တို့တိုင်းပြည်မှာလည်း ပြည်တွင်းစစ်ကိုဖယ်ပြီး ပြည်ထောင်စု ကြီး တစ်ခတ်ဆန်းအောင် တည်ဆောက်ကြဖို့ တိုက်တွန်းလိုပါ တယ်’’ ဟု ပွဲစီစဉ်သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦး မင်းကိုနိုင်က ပြောသည်။

ထို့နောက် ရုပ်ရှင်သရုပ် ဆောင်များ ပါဝင်သည့် Actor Star  အသင်းကို အခြေခံသည့် ‘ချစ်ကြပါ’ ဘောလုံး အသင်းနှင့် နိုင်ငံရေးအကျဉ်းသားများ၊ မြန်မာ့ လက်ရွေးစင်ဟောင်းများ ပါဝင် သည့် ‘အမုန်များရပ်’ ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစားရာသုံးဂိုးစီ သရေဖြင့် ပြီးဆုံးခဲ့သည်။

ငြိမ်းချမ်းရေးဘောလုံးပြိုင်ပွဲ ကို ၂၀၁၇ မေလ ၂၄ရက်က နေ ပြည်တော် ဝဏ္ဏသိဒ္ဓိအားကစား ကွင်း၌ တစ်ကြိမ်ကျင်းပပြီး နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အားပေးခဲ့ သည်။ ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးကို ဇန်နဝါရီလကုန်တွင် ကျင်းပရန် ညှိ နှိုင်းဆုံးဖြတ်ထားသော် လည်း ယခု လအတွင်း ကျင်းပနိုင်ဖွယ်မရှိ တော့ကြောင်း ငြိမ်းချမ်းရေးလုပ် ငန်းစဉ်၌ ပါဝင်ဆောင်ရွက်နေ သူများက ပြောကြားသည်။

7Day





0 comments:

Post a Comment