Wednesday, January 24, 2018

ဖေ့စ်ဘွတ်မှာ အတိုက်ခိုက်ခံရတဲ့ သတင်းနဲ့ပတ်သက်ပြီး အဆိုတော်မနော ဖြေရှင်းပြီ


မကြာသေးမီရက်အတောအတွင်းက မနောရဲ့ သီချင်းတွေဟာ အရည်အချင်း မပြည့်မီတဲ့အတွက် Myanamr Idol ပြိုင်ပွဲမှာ သီဆိုယှဉ်ပြိုင်ခွင့် မရှိဘူးဆိုတဲ့ သတင်းတွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ၄င်းကိုချစ်တဲ့ ပရိသတ်တွေလည်း စိတ်မကောင်း ဖြစ်ခဲ့ကြရတယ်လို့ သိရပါတယ်။ ထိုသို့ ပြောဆိုခဲ့သူဟာ Myanmar Idol ဒိုင်များထဲမှ ၀ါအရင့်ဆုံး အကဲဖြတ်ဒိုင်လူကြီးမင်း တစ်ဦးဖြစ်တဲ့ အဆိုတော် မြန်မာပြည်သိန်းတန်လို့ စွပ်စွဲခဲ့ ကြပြီး ၄င်းကိုလည်း ပရိသတ်များစွာက ဝေဖန်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
 
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး မနောက ၄င်းရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာမှ တစ်ဆင့်အခု လို ပြန်လည်ဖြေရှင်း လိုက်တာလည်းဖြစ်ပါတယ်။

"မင်္ဂလာပါ။ ဟိုနေ့က Post တစ်ခုနဲ့ ပတ်သက်ပြီး နည်းနည်းပြောစရာလေးတော့ ရှိတယ်ဗျာ။ ဦးသိန်းတန်ဆို တာ ကျွန်တော် လေးစားအားကျရတဲ့ အနုပညာရှင်ကြီးတစ်ဦးပါ။ အခုလည်း လေးစားလျက်ပါပဲ။ အဲ့ဒီ Post က ဦးသိန်းတန်ပြောတာ လုံးဝမဖြစ်နိုင်ပါဘူးဗျာ။ တကယ်ပြောခဲ့ရင်တောင်မှ စိတ်မဆိုးနိုင်ပါဘူး။ ကျွန်တော့်ရဲ့ မြင်ဆရာ၊ ကြားဆရာမို့ပါ။ အနုပညာသမားများကို မှီပြီး စီးပွားရှာနေသူများ သိထားသင့်တဲ့ တစ်ချက်ကတော့ရှိပါတယ်။ မိမိစီးပွားရေး မိမိအစီအစဉ် အောင်မြင်ဖို့ အနုပညာကို ရိုးသားစွာ လျှောက် လှမ်းနေတဲ့ လူနှစ်ဦးကို အသုံးချပြီး စတေးလိုက်ရင်တော့ သိပ်ညံ့ဖျင်းလွန်းရာကျပါတယ်။ ခုကိစ္စက သာမန်မဟုတ်ပါဘူ။ စီးပွားရေး မားကပ်ကို ကျွမ်းကျင်သူတစ်ဦး လုပ်တာဖြစ်ပါတယ်။ မလုပ်သင့် မလုပ်အပ်ပါဘူး။ ကျွန်တော် မနောက နယ်မှာမွေး၊ နယ်မှာကြီးတဲ့ တောသား သိပ်နားမလည်သူမို့ ကျွန်တော့်ကိုမှရွေးပြီး အသုံးချတာမျိုး မလုပ်ပါနဲ့ဗျာ။ ကိုယ်ချင်းစာတရားလေး ရှိမယ်ဆိုလျင် ဖေ့စ်ဘွတ် အွန်လိုင်းလောကကြီး အကျည်းမတန်တော့ဘူးပေါ့ဗျာ။ လူအချင်းအချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ" လို့ ဦးသိန်းတန်ဟာ သူ့ရဲ့ ဆရာတစ်ဆူဖြစ်ကြောင်း၊ လုပ်ခဲ့သည်ရှိသော်လည်း စိတ်မဆိုးကြောင်းနဲ့ စီးပွားရေးအရ လူတစ်ဦးဦးက လုပ်တယ်ဆိုရင်လည်း မလုပ်သင့် မလုပ်အပ်ကြောင်း ကို ပညာသားပါပါ ပြန်လည်ဖြေရှင်းလိုက်တာ ဖြစ်ပါတယ်။

ပရိသတ်ကြီးရေ.. အခုလို ကိုယ့်ကို နှိပ်ချပြောဆို တိုက်ခိုက်လာတာတောင် စိတ်ဆိုးဒေါသ ဖြစ်ခြင်းမရှိဘဲ ခွင့်လွှတ်သည်းခံတတ်တဲ့ အဆိုတော်မနောရဲ့ စိတ်ဓာတ်ဟာ အလွန်ကိုလေးစားစရာ မကောင်းပေဘူး လားဗျာ...

The Ladies News

0 comments:

Post a Comment