Wednesday, January 24, 2018

မြန်မာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ၁၀ ဦး စာရင်း ထွက်ပေါ်


၂၀၁၇ ခုနှစ် တနှစ်တာအတွင်း မြန်မာနိုင်ငံမှ အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးစာရင်းကို http://indapaper.com ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ အချမ်းသာဆုံး အမှတ်စဉ် ၁ နေရာမှာတော့ ဦးတေဇကို ကြွယ်ဝချမ်း သာမှုတန်ဖိုး အမေရိကန် ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံရှိတယ်ဆိုပြီး ဖော်ပြထားတာပါ။
အမှတ်စဉ် ၂ နေရာမှာတော့ ကြွယ်ဝချမ်းသာမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံနဲ့ ဦးထွန်းမြင့်နိုင်ရှိနေပြီး သူ့နောက်မှာတော့ ဦးပြည်အောင်နဲ့ ဦးနေအောင်တို့က ကြွယ်ဝချမ်းသာမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဘီလီယံနဲ့  ရပ်တည်နေတယ်လို့ ဆိုပါတယ်။

အမှတ်စဉ် ၄ နေရာမှာတော့ ဦးဇော်ဇော်ရှိနေပြီး ကြွယ်ဝချမ်းသာမှုတန်ဖိုး အမေရိကန် ဒေါ်လာ ၅ ဘီလီယံ လို့ ဖော်ပြထားပါတယ်။

အမှတ်စဉ် ၅ နေရာမှာတော့ ဦးအောင်သက်မန်းလို့ ဖော်ပြထားကာ ကြွယ်ဝချမ်းသာမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံရှိတယ်လို့ ဆိုပါတယ်။

အမှတ်စဉ် ၆ နေရာမှာတော့ ဦးမိုက်ကယ်မိုးမြင့်က ကြွယ်ဝချမ်းသာမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံနဲ့ ရပ်တည်နေပြီး သူ့နောက် အမှတ်စဉ် ၇ နေရာမှာတော့ ဦးနေဝင်းထွန်းက ကြွယ်ဝချမ်းသာမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဘီလီယံနဲ့ အသီးသီး ရပ်တည်နေကြပါတယ်။

ဦးဌေးမြင့်ကတော့ ကြွယ်ဝချမ်းသာမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံနဲ့ အမှတ်စဉ် ၈ နေရာမှာ ရှိနေတာပါ။

အမှတ်စဉ် ၉ နေရာမှာတော့ ကြွယ်ဝချမ်းသာမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံနဲ့ ဦးခင်ရွှေ က ရပ်တည်နေပြီး အမှတ်စဉ် ၁၀ နေရာမှာတော့ ဦးအိုက်ထွန်းကို ကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံဖြစ်တယ်ဆိုပြီး ဖော်ပြထားပါတယ်။

ဓာတ်ပုံ-Indapaper
DVB



0 comments:

Post a Comment