Tuesday, January 30, 2018

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်မျှော်လင့်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ မျှော်လင့်ချက် ရှိနေတုန်းပဲလို့ ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီနေ့ မနက်ပိုင်းက လှိုင်သာယာမြို့နယ်ထဲမှာ ဖွင့်လှစ်တဲ့ စုအသက်မွေးဝမ်းကျောင်း သိပ္ပံကျောင်းဖွင့်ပွဲမှာ ပြောကြားခဲ့ ပါတယ်။
“ကျနော်တို့မှာ တချိန်ကအိမ်မက်တွေ ရှိခဲ့ပါတယ်။ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ သမ္မတဖြစ်မလားဆိုတဲ့အိမ်မက် ကျေန်ာတို့မှာ ရှိနေတုန်းပါပဲ။ အဲ့ဒီအတွက် ကြိုးပမ်း ကျရအုံးမှာပါ။ ဖွဲ့စည်းပုံအခြေခံအရ ကန့်သတ်ချက်တွေ မရှိဘူးဆိုရင် ကျနော်တို့ ဥက္ကဋ္ဌဟာ သမ္မတဖြစ်နိုင်ပါတယ်”လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောကြားခဲ့တာပါ။

ဒါ့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လူထုအတွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့ နေရာမှာ ပညာရေးစနစ်ကို ပြောင်းလဲချင်တာကြောင့် အခုလို ကျောင်းတွေဖွင့်လှစ်ပြီး လူထုအတွက် အကျိုးပြုနေ တာဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပညာရေးစီမံချက်အရ ဖွင့်လှစ်တဲ့ စုအသက်မွေးဝမ်း ကျောင်းသိပံ္ပကျောင်း မှာဆိုရင် လှိုင်သာယာမြို့နယ်ထဲက လူငယ်တွေအတွက် ဘာသာစကားနဲ့ အသက်မွေးမှုပညာရပ်တွေကို အဓိကထားသင့်ကြားပေးသွားမှာဖြစ်ပြီး ဒီပညာရေး ကဏ္ဍအတွက် သင်ကြာမှုတွေကို မြန်မာ့ဆက်သွယ်ရေး MPT ကအဓိက ကူညီတာဖြစ်ပြီးတော့ တခြား အလှူရှင် တွေရဲ့ အကူညီလည်းပါဝင်ပါတယ်။

လက်ရှိပညာသင်နစ်အတွက် ကျောင်းသားလူငယ်တွေကို စတင်လက်ခံနေပြီးတော့ ဘာသာစကားတွေကို အဓိကထားသင်ကြားပေးမယ်လို့ သိရပါတယ်။

DVB

0 comments:

Post a Comment