Sunday, January 28, 2018

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးရုံးခန်း ဖွင့်လှစ်


ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးရုံးခန်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၈ ရက်၊ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးစေတီလမ်းရှိ ကမ္ဘောဇရိပ်သာ(ချင်းချောင်းနန်းတော်)၌ ပြုလုပ် သည်။
ယင်းအခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှပ် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းကော်မတီ ဥက္ကဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှပ် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူးဦးလူမင်းနှင့် တခြားဌာန ဆိုင်ရာအကြီးအကဲများ၊ အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။

မင်းထင်
News Watch

0 comments:

Post a Comment