Wednesday, January 24, 2018

အသတ်ခံရသော FDA ဝန်ထမ်းအမျိုးသမီး၏ ဖုန်းမှတစ်ဆင့် လူသတ်သမားကို ဖမ်းမိ တက္ကစီငှားပြီး အိမ်ပြန်ရာမှ လမ်းတွင်အသတ်ခံရခြင်းဖြစ်


FDA ဝန်ထမ်းအမျိုးသမီး ကိုသတ်သည့် တရားခံကို အ သတ်ခံရသူ၏ ဆမ်ဆောင်းဖုန်း ဆော့ဖ်ဝဲအသစ် လာတင်ရာမှ တစ်ဆင့် ယုဇနပလာဇာ၌ ဇန် နဝါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
လူသတ်မှုကျူးလွန်သူသည် အမျိုးသမီးအလောင်း တွေ့ရှိ သည့် မြောက်ဒဂုံမြို့နယ် (၃၃) ရပ်ကွက်နေ အသက် (၂၇) နှစ် အရွယ် အငှားယာဉ်မောင်း မျိုး ဇော်ဦးဆိုသူဖြစ်သည်။ ပြစ်မှုကျူး လွန်ပြီး သုံးရက်နှင့် ၆ နာရီအတွင်း တရားခံကို ဖမ်းမိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ဘာကြောင့်သတ်ခဲ့သလဲ
အသတ်ခံရသူ မရွှေရည်ဝင်း သည် လှည်းတန်းလမ်းဆုံအနီး အင်းစိန်လမ်းမပေါ်မှ ဒဂုံမြို့နယ် နေအိမ်သို့ပြန် ရန် ၎င်း၏ကားကို ကျပ် ၂,၅၀၀ ဖြင့် ငှားရမ်းခဲ့ကြောင်း၊မင်းမနိုင်ရပ်ကွက်အတွင်း နေအိမ် အနီး ရောက်ရှိစဉ် အမျိုးသမီးက ယာဉ်အတွင်း ယာဉ်ငှားခပေးခဲ့ရာ အဲကွန်းဖွင့်ပေးရသဖြင့် ကျပ် ၁,၀၀၀ ပိုမို တောင်းခံသည့် ကိစ္စဖြင့် စကားများခဲ့ကြောင်း၊ ကားရပ်ပြီးကားအတွင်း၌ပင် နောက်ခန်းသို့ကူးကာ အမျိုးသမီး၏ လည်ပင်းကို ညှစ်ပြီး ကားပေါ်တွင်ပါလာသည့်ဝက်အူလှည့်ဖြင့် လည်ပင်းကိုထိုးသဖြင့် အမျိုးသမီးသတိမေ့သွားကြောင်း တရားခံ၏ ထွက်ဆိုချက်ကို ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

ကားကို ၎င်းနေထိုင်ရာဒဂုံ မြို့သစ် (မြောက်ပိုင်း) သို့ ပြန်လည်မောင်းခဲ့ပြီး (၃၃) ရပ်ကွက် ငါး မာန်အောင် ဘုရားလမ်းပေါ်ရှိ ဖူ ဆယ်ဘောလုံးကွင်းအနီး လမ်း ဘေးအမှောင်ရိပ်တွင် သတိမေ့ နေသည့် အမျိုးသမီးကို သားမ ယားပြုကျင့်ခဲ့ကြောင်း တရားခံက ဆက်လက်ထွက်ဆိုသည်။

အမျိုးသမီး ဝတ်ဆင်လာ သည့် ပလက်တီနမ်ဆွဲကြိုး၊ နား ကပ်၊ ခြေချင်း၊ ပိုက်ဆံအိတ်နှင့် ဖုန်းတို့ကို ယူဆောင်ခဲ့ကြောင်း၊ အမျိုးသမီးသည် သတိမေ့နေရာမှ သေဆုံးသဖြင့် အလောင်းကို ပစ်ထားခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

သို့သော် ကားငှားရမ်းခဈေး ဆစ်ရာမှ စကားများခဲ့ပြီး အမျိုး သမီး၏ လည်ပင်းညှစ်သည်ဆို သည့် ထွက်ဆိုမှု သည် မဖြစ်နိုင် ကြောင်း ဝေဖန်မှုများထွက်ပေါ် နေသည်။

ရဲတပ်ဖွဲ့က အမှုဖြစ်စဉ်ကို ဓာတ်ပုံများနှင့်တကွ ဖော်ပြရာ တရားခံ၏ ထွက်ဆိုမှုတွင် ရှေ့ နောက်မညီမှုများ တွေ့ရှိရသည်။ သတိမေ့နေသည့် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ကြောင်း တရားခံက ထွက်ဆိုသည်။ သို့သော် ရဲတပ်ဖွဲ့က ထုတ်ပြန်သည်မှာ အခင်းဖြစ်ပွားသည့်နေ့တွင် တရားခံ ဝတ်ဆင်ထားသည့် တီရှပ် အစိမ်းရောင် တွင် ရွှံ့များ ပေကျံနေရာ သတိမေ့နေသည့်အချိန် အဓမ္မပြုကျင့်ခြင်း မဟုတ်ဘဲ ရုန်းရင်းဆန်ခတ်အခြေ အနေဖြစ်နိုင်ကြောင်း ထောက်ပြပြောဆိုမှုများရှိသည်။ ထို့အပြင် မျိုးဇော်ဦး ရင်ဘတ်တွင် ကုတ်ခြစ်ဒဏ်ရာ များ ရှိနေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသေးသည်။

ဘယ်လိုဖမ်းမိလဲ
သေဆုံးသူ၏ ဆွေမျိုးများ ထွက်ဆိုချက်အရ သေဆုံးသူ မရွှေရည်ဝင်း (ခ) ရွှေရည်ဝတ် ဆင်ထားသော ပလက်တီနမ်ဆွဲ ကြိုးတစ်ကုံး၊ ပလက်တီနမ်ခြေ ချင်းတစ်ခု၊ ပလက်တီနမ် နားဆွဲ သီးတစ်ရန်၊ SAMSUNG Galaxy A5 အမျိုးအစား ရွှေရောင်လက် ကိုင်ဖုန်းတစ်လုံးနှင့် ပိုက်ဆံအိတ် တစ်လုံး ပျောက်ဆုံးနေကြောင်း သိရှိရသဖြင့် ရဲတပ်ဖွဲ့ကရွှေထည် ပစ္စည်းနှင့် ပလက်တီနမ် ရောင်း၊ ဝယ် ဆိုင်များ၊ အပေါင်ဆိုင်များ သို့ သတင်းစုံစမ်းပေးရန် ဖြန့်ဝေ ထားရှိခဲ့သည်။

သေဆုံးသူကိုင်ဆောင်သည့် ဖုန်းအမျိုးအစား လာရောက်ရောင်းချခြင်း၊ ပြုပြင်ခြင်းတွေ့ရှိပါက သတင်းပေး ပို့ရန် တယ်လီဖုန်းပြုပြင် ဆိုင်များနှင့် ရောင်း၊ ဝယ်ဆိုင်များသို့ ဖြန့်ဝေခဲ့သည်။

သေဆုံးသူသည် အငှားကား ဖြင့် ပြန်လာခဲ့ကြောင်း သုံးသပ်ရ သဖြင့် Control Centre မှတစ်ဆင့် အငှား ယာဉ် ဖြတ်သန်းသွား လာသည့် နေရာများကို စုံစမ်းရှာ ဖွေခဲ့ပြီး ရရှိသည့် သတင်းအချက် အလက်များ စိစစ်အတည်ပြု ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် သည်။

ဇန်နဝါရီ ၂၄ ရက်နေ့လယ်နာရီတွင် ယုဇနပလာဇာရှိ ဖုန်းပြုပြင်ရေးဆိုင်သို့ သတင်းပေးရန် ဖြန့်ဝေထား သည် SAMSUNG Galaxy A5 အမျိုးအစား ရွှေရောင် ဖုန်းတစ်လုံးကို အမျိုးသားတစ်ဦး က ဆော့ဖ်ဝဲ အသစ်တင် ပေးရန် လာရောက်ပြုပြင်ကြောင်း အရှေ့ ပိုင်းခရိုင်ရဲတပ်ဖွဲ့သို့ ဆက်သွယ် အကြောင်းကြား သဖြင့် မျိုးဇော် ဦးကို ဖမ်းဆီးထိန်းသိမ်းပြီး သက် သေခံဖုန်းကို သိမ်းဆည်းကာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ယူစစ်ဆေးခဲ့သည်။

Control Centre မှ အငှား ယာဉ် ဖြတ်သန်းသွားလာသည့် လမ်းကြောင်းမှရရှိသော သတင်း အချက်အလက် များနှင့် သိမ်း  ဆည်းရမိသော တယ်လီဖုန်းနှင့် တိုက်ဆိုင်စစ်ဆေးရာ မျိုးဇော်ဦး ကပြစ်မှုကျူးလွန်ခဲ့ကြောင်း ထွက် ဆိုခဲ့သည်။

ထို့အပြင် မျိုးဇော်ဦး၏ ခန္ဓာ ကိုယ်ကို စစ်ဆေးခဲ့ရာ ရင်ဘတ် တွင် ကုတ်ခြစ်ဒဏ်ရာများ တွေ့ရှိ သဖြင့် ပြစ်မှုကျူးလွန်ခဲ့သည်မှာ မှန်ကန်သည်ကို အတည်ပြုနိုင်ခဲ့ ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် သည်။

တရားခံ မျိုးဇော်ဦးကျူးလွန် သည့် ပြစ်မှုများအလိုက် ထိ ရောက် ပြစ်ဒဏ်ရရှိရေးဆောင် ရွက်နေကြောင်း ရဲတပ်ဖွဲ့ကထုတ် ပြန်သည်။ အလောင်းတွေ့ရှိစဉ် က လူသတ်မှုပုဒ်မ ၃၀၂ ဖြင့်သာ ကနဦးအမှုဖွင့်ထား သည်။

‘‘ကျွန်တော်တို့ကို သေဆုံးမှု နဲ့ပတ်သက်တဲ့ အချက်အလက် တွေကို ဖြန့်ထားတယ်။ အဲဒီမှာသူ က ယုဇနပလာဇာမှာရှိတဲ့ ဖုန်းဆိုင်တစ်ဆိုင်မှာ သေဆုံးသူ ကောင်မလေးရဲ့ ဖုန်းကိုလာပြင်တာ။ အဲဒီကနေ ကျွန်တော်တို့ကို သတင်းပေးလို့ သွားဖမ်းလိုက်တာ။ တရားခံကတော့ သူတစ်ယောက်တည်း ကျူးလွန်တာ လို့ပဲ လောလောဆယ် ဝန်ခံသေးတယ်။ ဒါပေမဲ့ ဆက်စစ်နေတုန်းပါပဲ’’ ဟု တရားခံသွားရောက်ဖမ်းဆီးခဲ့ သည့် ရဲအုပ်သန်းဝင်းက 7Day Daily သတင်းစာအား ပြောသည်။

တရားခံမိသည့် သတင်းကို ပြည်ထဲရေးဝန်ကြီးဌာန၏ ဖေ့စ် ဘွတ်ခ် အကောင့်၊ Yangon Police ဖေ့စ်ဘွတ်ခ် အကောင့်နှင့် ရဲဇာနည်အကောင့်တို့က တင်ခဲ့ ရာ ဖတ်ရှုပြီး မှတ်ချက်ပေးသူ များ ပြားခဲ့သည်။

မှတ်ချက်ပေးသူ အများစု ကတရားခံကို ပြင်းပြင်းထန်ထန် အပြစ်ပေးရန် တောင်းဆိုပြီး တ ရားခံသည် တစ်ဦးတည်းမဖြစ်နိုင် ကြောင်း ထောက်ပြမှုများ ရှိ သည်။

သက်သေခံပစ္စည်းများ သိမ်းဆည်း ရမိခြင်း
ပြစ်မှုကျူးလွန်သူ၏ ထွက် ဆိုချက်အရ ၎င်းယူဆောင်လာ သည့် ပလက်တီနမ် ဆွဲကြိုးနှင့် နား ကပ်ကို တောင်ဥက္ကလာပမြို့ နယ် (၄) ရပ်ကွက်ရှိ နန္ဒဝန်ဈေးမှ သိမ်းဆည်းနိုင်ခဲ့သည်။

ထို့အပြင် သေဆုံးသူ၏ ပိုက်ဆံအိတ်၊ မှတ်ပုံတင်၊ လိုင်စင် ဓာတ်ပုံ၊ ATM ကတ်တို့ကို ဒဂုံ မြို့သစ် (မြောက်ပိုင်း) မြို့နယ် အမှတ် (၃၄) ရပ်ကွက်၊ ပိတောက်မြိုင် (၃) လမ်းနှင့် ပျဉ်းမမြိုင်လမ်းထောင့်ရှိ ချုံပုတ်အတွင်းမှ သိမ်းဆည်းခဲ့သည်။

သေဆုံးသူ၏ ဖိနပ်၊ FDA ဝန်ထမ်းကတ်နှင့် အသုံးအဆောင် ပစ္စည်းများ၊ City Mart မှ ဝယ် ယူလာသည့် ဘောင်းဘီရှည်တစ် ထည်တို့ကို (၃၅) ရပ်ကွက် ပင် လုံလမ်းနှင့် ဗိုလ်မင်းရောင်လမ်း ထောင့်ရှိ ရေမြောင်း အတွင်းမှ သိမ်းဆည်းရမိသည်။ ပြစ်မှုကျူး လွန်သူ အခင်းဖြစ်စဉ်ကဝတ်ဆင် သည့် အင်္ကျီနှင့် ပုဆိုးတို့ကို ၎င်းနေထိုင်ရာ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပတ္တမြားလမ်း ၃၃ ရပ်ကွက်မှ သိမ်းဆည်းရရှိပြီး ကျန်ရှိ သက်သေခံ ပစ္စည်းများ သိမ်းဆည်းရမိရေး ဆက်လက်ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် သည်။

ထို့အပြင် ယခုအမှုကို ဖော်ထုတ်ရာတွင် ရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်းကူညီ ဆောင်ရွက်ပေးသည့် ပြည်သူများ အား ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ကျေး ဇူးတင်ရှိပါကြောင်းနှင့် ပြည်သူ များအနေဖြင့် အငှားယာဉ်များ ငှားရမ်းစီးနင်းရာတွင် ယခုဖြစ်စဉ် ကို သင်ခန်းစာယူ သတိပြုသွား လာရန် ရဲတပ်ဖွဲ့က ထုတ်ပြန် သည်။

တရားခံမိလို့ ၀မ်းသာ
မရွှေရည်ဝင်း ရုပ်အလောင်း ကို ဇန်နဝါရီ ၂၃ ရက်က ရေဝေး သုသာန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။

‘‘တရားခံကို မိပြီဆိုတော့ ဝမ်းသာပါတယ်’’ ဟု သေဆုံးသူ အမျိုးသမီး၏ မိသားစုဝင်တစ်ဦး ကပြောသည်။

အသတ်ခံရသူ အမျိုးသမီး သည် ဇန်နဝါရီ ၁၉ ရက် ည ၁၁ နာရီတွင် နေပြည်တော်မှ ရန်ကုန် မြို့ဒဂုံမြို့နယ်ရှိ နေအိမ်သို့ ပြန် လည်ရောက်ရှိလာပြီး ဇန်နဝါရီ ၂၀ ရက်တွင် နေအိမ်မှအလုပ် ကိစ္စဖြင့် ထွက်သွားခဲ့ရာည အထိ ပြန်ရောက်မလာသဖြင့် ဒဂုံမြို့မ ရဲစခန်း၌ မိသားစုက လူပျောက် တိုင်ထားခဲ့သည်။

လူပျောက်တိုင်ကြားပြီး ခုနစ်နာရီကျော်အကြာတွင် အလောင်း ကို တွေ့ရှိခဲ့သည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့ နယ်(၃၃)တိုးချဲ့ရပ်ကွက် ငမိုးရိပ် ချောင်းကူးတံတားဘေးရှိ ကုလား မန်ကျည်း ပင်အောက်တွင် ဇန်နဝါ ရီ ၂၁ ရက် နံနက်က အမျိုးသမီး တစ်ဦး ဘယ်ဘက်ပါး၊ လည်ပင်း ညိုမည်း၊ လည်ပင်းရှေ့ထိုးသွင်း ဒဏ် ရာတစ်ချက်၊ မိန်းမအင်္ဂါ သွေးထွက်ရာများဖြင့် သေဆုံး နေသဖြင့် မြောက်ဒဂုံ မြို့မ ရဲစခန်း မှ ရဲတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။

7Day

0 comments:

Post a Comment