Tuesday, January 30, 2018

အာဆာ အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မူကြောင့် ဘင်္ဂါလီတစ်ဦးမှ ပြန်မရောက်သေး


ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဘင်္ဂါလီများ မြန်မာနိုင်ငံသို့ လက်ရှိအချိန်ထိ တစ်ဦးမှဝင်ရောက်လာခြင်း မရှိခြင်း မှာ မြန်မာနိုင်ငံဘက်မှ အားနည်းခြင်းကြောင့်မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းမှ ကြန့်ကြာနေခြင်းကြောင့် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော ဘင်္ဂါလီများ ပြန်လည်လက်ခံရန်အတွက် ရခိုင်ပြည်နယ်မောင်တော ဒေသ ရှိ ငါးခူရ၊ တောင်ပြိုလက်ဝဲကျေးရွာ၊ လှဖိုးခေါင်ကျေးရွာတို့တွင် ပြန်လည်စိစစ်ရေး၊ ခေတ္တနားခိုရေး၊ ပြန် လည်နေရာချထားရေးတို့အတွက် စခန်းများတည်ဆောက်ပြီးစီးပြီဖြစ်သည့်အပြင် ပြန်လည်လက်ခံရန် အတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများမှာ ဇန်န၀ါရီ ၂၃ ရက်နေ့မှစတင် စောင့်ဆိုင်း ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှပို့မည့်သူများမှာ ဇန်န၀ါရီ ၂၈ရက်နေ့ အထိရောက်ရှိလာ ခြင်းမ ရှိသေးကြောင်း သိရသည်။

“ ပြန်လာမယ့်အဖွဲ့တွေ ပြန်လာဖို့အတွက် ကြန့်ကြာနေတယ်ဆိုတာက ကျွန်တော်တို့ဘက်က လိုအပ်ချက်၊ အားနည်းချက်ကြောင့် မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကပါ။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘော တူညီချက်တွေကို အဆင့်ဆင့်လုပ်ထားပါတယ်။ အဲဒီသဘောတူညီချက်တွေထဲက ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ထားပါတယ်။ အခု ကြန့်ကြာနေတယ်ဆိုတာက ဇန် န၀ါရီ ၂၂ ရက်နေ့ အထိ ဘင်္ဂလား ဒေ့ရှ်ဘက်က ကျွန်တော်တို့ဆီမှာရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကိုရော၊ သံရုံးတွေ ကရော အကြောင်းပြန်တာ တွေ မရှိသေးပါဘူး။ ဘာကြောင့်ကြာနေတယ်ဆိုတာလည်း အကြောင်းကြားမှု မရှိပါဘူး။ ကျွန်တော်တို့က သူတို့ ကို ပေးထားတဲ့အာဆာအကြမ်းဖက်သမား ၁၃၀၀ကျော် နဲ့ ပတ်သက်တဲ့ စာရင်းတွေလည်း ပေးထားပါတယ်။ သူတို့ကလည်း ဓာတ်ပုံတွေနဲ့ ကျန်တဲ့အချက်အလက်တွေပေးပါဆို လို့လည်း အားလုံးလည်းထပ်ပို့ပေးထားပါတယ်။

ဒါကိုလည်း ယနေ့အချိန်ထိ တုံ့ပြန်မှုမရသေးပါဘူး။ ကျွန်တော်တို့ဘက်ကတော့ အားလုံးအသင့်ပြင်ပြီး စောင့်ဆိုင်းနေပါတယ်။ ပြီးတော့ ကျွန်တော်တို့ဆီကို ပြန်လာချင်တဲ့ ဟိန္ဒူတွေလည်း ရှိပါတယ်။ အဲဒီစာရင်း ကိုလည်း သူတို့လိုချင်တယ်ဆိုလို့ ပေးပို့ထားပါတယ်။ သူတို့ဘက်က စိစစ်တာမပြီးသေးလို့လားတော့ မသိဘူး။ ကျွန်တော်တို့ဘက်ကတော့ ပြန်လည်လက်ခံဖို့အတွက်အားလုံးအသင့်ဖြစ်နေပါပြီ” ဟုဦးဇော်ဌေး က ပြောသည်။

ထိုသို့ ဘင်္ဂါလီများကို အစိုးရမှ ဇန်န၀ါရီလ ၂၃ရက်နေ့တွင် စတင်လက်ခံနေပြီဆိုသော်လည်း ယနေ့အချိန်ထိ တစ်ဦးတစ်ယောက်မှရောက်ရှိမလာသည့်အတွက် အစိုးရအနေဖြင့် သတိပေးသည့် သဘောဖြင့်နောက်ဆုံး ရက်တစ်ရက်သတ်မှတ်ပေးရန်လိုကြောင်း ပြည်သူတချို့၏တိုက်တွန်းမှုများလည်းရှိသည်။

“ သူတို့ကိုလက်ခံတဲ့နေရာမှာ နောက်ဆုံးရက်သတ်မှတ်ပေးဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ ကျွန်တော်တို့က နှစ်နိုင်ငံသဘော တူညီချက်ကိုပဲ အခြေခံပြီးလုပ်ရတာပါ။ အဲဒီသဘောတူညီချက်အတိုင်း အကောင်အထည် မဖော်နိုင်တာက ဘင်္ဂလားဒေ့ရှ်ဘက် အခြမ်းရဲ့ကိစ္စပါ။ တကယ်လို့ သူတို့ဘက်က နှစ်နိုင်ငံသဘောတူ ညီချက် အတိုင်းမသွားဘဲ ပြန်လုပ်မယ်ဆိုရင်လည်း နှစ်နိုင်ငံထပ်ပြီး ဆွေးနွေးရမှာဖြစ်တယ်။ လောလော ဆယ် အနေ အထားမှာ အရေးကြီးဆုံးကတော့ အာဆာအကြမ်းဖက်အဖွဲ့က ဘာလဲဆိုတာကို ဘင်္ဂလားဒေ့ ရှ်နိုင်ငံ ဘက်က နားလည်ဖို့လိုပါတယ်။ အာဆာရဲ့အစီအစဉ်က ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းမှာရှိတဲ့ ကန့်တွေ ကို ဆက်လက်ပြီး တည်ရှိစေရမယ်။ မြန်မာနိုင်ငံဘက်အခြမ်း ကို ဘယ်သူမှပြန်မသွားရဘူးဆိုတဲ့ အစီအစဉ် ကို ဖော်နေပါတယ်။ နိုင်ငံတကာ အာရုံစိုက်မှုနဲ့ အာဆာရဲ့ အကြမ်းဖက်စည်းရုံးမှုက နယ်စပ်ဒေသမှာ ပိုပြီးကြီးနေပါတယ်။ ဘာ ကြောင့်လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း လုံခြုံရေးအစောင့်အရှောက်တွေ ရှိတာတောင် ကန့်ထဲက အကြီးအကဲတွေ သတ်ဖြတ်ခြင်းခံနေရတယ်။ ဒါကို ဘင်္ဂလားဒေ့ရှ် အစိုးရက နားလည်မှုလွဲနေတယ်။ သူတို့နား လည်မှသာ အကြမ်းဖက်သမားတွေကို နှစ်နိုင်ငံပူးပေါင်းပြီး သူတို့ရဲ့ရည် ရွယ်ချက်တွေ၊ အစီအစဉ်တွေ ဖြစ်မလာ အောင် တားဆီးနှိမ်နင်းနိုင်မှာဖြစ်တယ်။ ဒါကို မြန်မာနိုင်ငံတစ်နိုင် ငံတည်းက လုပ်လို့မရပါဘူး။ ရက်သတ်မှတ်ဖို့ ဆိုတာကလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က ပူးပေါင်းဆောင် ရွက်ဖို့လိုပါတယ်။ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ ကျွန်တော်တို့သဘောနဲ့ရက်သတ်မှတ်လိုက်မယ်ဆိုရင် နိုင်ငံတကာစွပ်စွဲမှုတွေက မြန်မာနိုင်ငံအပေါ်ကို ဒါထက် ပိုများလာမှာပါ။ ဒါကြောင့် သူတို့ပြန်လာတဲ့ရက်ကို နောက်ဆုံးသတ်မှတ်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး “ ဟု ဦးဇော်ဌေးက ထပ်မံပြောကြားခဲ့သည်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ဘင်္ဂါလီများနေထိုင်သည့် ကန့်များတွင် ကန့်ခေါင်းဆောင်များအား အာဆာ မှ သတ်ဖြတ်မှုများ ပြုလုပ်နေသည့်အပြင် မြန်မာနိုင်ငံဘက်သို့ ပြန်လည်ဝင်ရောက်ချင်သည့် သူများကိုလည်း သတ်ပစ်မည်ဆိုသော ခြိမ်းခြောက်မှုများလည်း ရှိနေကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဘင်္ဂါလီများမှာလည်း မိမိတို့ဆန္ဒအလျောက် မြန်မာနိုင်ငံဘက်အခြမ်းသို့ ပြန်ချင်သူများစွာရှိကြောင်း ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

သတင်း - ပိုင်လေး
Photo - MOI
Tomorrow News Journal


0 comments:

Post a Comment