ထိုင်းငါးဖမ်းလှေမှာ အလုပ်လုပ်ရင်း အိန္ဒိယရေပိုင်နက်အတွင်း ကျူးကျော်မှုနဲ့ ထောင်ဒဏ် ၂ နှစ်ကျော် ကျခံ ခဲ့ရတဲ့ မြန်မာနိုင်ငံသား ရေလုပ်သား ၁၈ ဦးကို အိန္ဒိယနိုင်ငံက ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ကော့သောင်းမြို့နယ်မှ ရေလုပ်သား ၄ ဦးကတော့ ဇန်နဝါရီ ၂၄ ရက်က ကော့သောင်းမြို့ကို ပြန်လည်ရောက် ရှိလာပါတယ်။
ပြန်ရောက်လာသူ ကိုသက်နိုင်ဦးက “၂၀၁၅ ဇန်နဝါရီလက ထိုင်းနိုင်ငံပိုင် ငါးဖမ်းလှေတစီးမှာ အလုပ်လုပ် ကိုင် ငါးဖမ်းထွက်ရင်း အိန္ဒိယရေပိုင်နက်အတွင်းမှာ အင်ဂျင်စက် ချို့ယွင်းပြီး ကျူးကျော်မိသလို ဖြစ်သွားတဲ့ အတွက် အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီး ထောင်ဒဏ် ၂ နှစ်ကျော် ကျခံခဲ့ကြရ ပါ တယ်။
၂၀၁၇ ခုနှစ် မေလမှာ လွတ်လာပြီး Open Camp မှာ ၈
လကျော်ကျော်လောက် ယာယီဆက်လက်ထိန်းသိမ်း ထားပါတယ်။ မြန်မာသံရုံး
တာဝန်ရှိသူတွေနဲ့ ဆက်သွယ်မိပြီး ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့မှာ
အိန္ဒိယနိုင်ငံ ပို့ဘလဲမြို့၊ ကလကတ္တားမြို့တွေကနေတဆင့် မြန်မာနိုင်ငံ
ရန်ကုန်မြို့ကို လေကြောင်းခရီးနဲ့ ပို့ဆောင်ခဲ့ပြီး ကော့သောင်းမြို့ကို
ပြန်လည်ရောက်ရှိလာတာ ဖြစ်တယ်”လို့ ပြောပါတယ်။
အဆိုပါ ရေလုပ်သား ၄ ဦးကို ကော့သောင်းမြို့နယ်မှ တာဝန်ရှိသူတွေ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ တာဝန်ရှိသူတွေ က လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ ဆောင်ရွက်ပေးခဲ့ကြပါတယ်။
ပြန်လည်ရောက်ရှိလာတဲ့ ရေလုပ်သား ၄ ဦးကို ကျန်းမာရေးဦးဌာနက ဆေးဝါးစစ်ဆေး ကုသတာတွေ ဆောင်ရွက်ပေးကြပြီး မိဘဆွေမျိုးတွေဆီကို ခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနရုံး ခန်းမမှာ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
သတင်း – လတ်ကိုကိုဦး
DVB

0 comments:
Post a Comment