Sunday, January 28, 2018

ဦးဝင်းထိန် ဒီချုပ်ဗဟို အလုပ်အမှုဆောင်အဖြစ် ဆက်လက်ရှိနေဟုဆို

ဦးဝင်းထိန်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် ဗဟိုအလုပ်အမှုဆောင်အဖြစ် ရှိနေဆဲဖြစ်ပြီး ၎င်းနှင့် ပတ်သက်၍ အစည်းအဝေး၌ ဆွေး နွေးခဲ့ခြင်း   မရှိကြောင်း   ဒီချုပ်ဗဟိုအလုပ်အမှုဆောင် အဖွဲ့အ တွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ကပြောသည်။
‘‘ခုချိန်ထိ ဦးဝင်းထိန်ရှိတယ်၊ ကျွန်တော်တို့ဆီကို ခွင့်မရောက် ဘူး၊ သူတခြားကို ခွင့်တိုင်၊ မတိုင် တာ ကျွန်တော်မသိဘူး’’ ဟု ဇန်န ဝါရီ ၂၈ ရက်က နေပြည်တော် တွင် လစဉ်ပုံမှန်ပြုလုပ်သည့် ဗဟို အလုပ် အမှုဆောင်အဖွဲ့ (CEC) အစည်းအဝေးအပြီး၌ မီဒီယာ များအား ၎င်းကပြောသည်။

ဦးဝင်းထိန်က ၎င်းတို့အဖွဲ့ ထံ ခွင့်တိုင်ကြားခြင်း  မရှိသော် လည်း ဧရာဝတီတိုင်းဝန်ကြီးချုပ် ဟောင်း မန်းဂျော်နီကမူ ခွင့်တိုင် ကြားထားကြောင်း ဦးဉာဏ်ဝင်း ကပြောသည်။ ထို့ကြောင့် အစည်း အဝေးသို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှ ဦးဝင်းထိန်နှင့် မန်းဂျော်နီ တို့ တက်ရောက်ခဲ့ခြင်းမရှိပေ။

ဦးဝင်းထိန်သည် ဇန်နဝါရီ ၁၄ ရက်ကတည်းက သြစတြေး လျနိုင်ငံသို့ ထွက်ခွာသွားပြီး ၎င်း ၏ မိသားစုဝင်၊ မြေးများဖြင့် အ နားယူနေသည့် ဓာတ်ပုံများ လူမှု ကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။

‘‘ဗဟိုအလုပ်အမှုဆောင် (CEC) နဲ့ပတ်သက်တဲ့ အကြောင်း ကျွန်တော်တို့ မဆွေးနွေးပါဘူး’’ ဟု ဒီချုပ်ဗဟို အလုပ်မမှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်ကပြော ကြားသည်။

ယင်းအစည်းအဝေးကျင်းပသည့် ဇန်နဝါရီ ၂၈ ရက်စွဲဖြင့် ဦးဝင်းထိန်အား ဗဟိုအလုပ်အမှု ဆောင် အတွင်းရေး မှူး အဖွဲ့ဝင် အဖြစ်မှ အရန်ဗဟိုကော်မတီဝင် အဖြစ် ပြောင်းလဲတာဝန်ပေး ကြောင်း ကြေညာချက်တစ်ရပ် လူ မှုကွန်ရက်တွင် ထွက်ပေါ်ခဲ့သည်။ သို့သော် ကြေညာချက်အတုသာ ဖြစ်ကြောင်း ဒီချုပ်ဗဟိုအလုပ်အ မှုဆောင် အဖွဲ့ဝင်ဒေါက်တာမျိုး ညွန့်က ပြောသည်။

လက်ရှိအမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့တွင် ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဒေါက် တာဇော်မြင့်မောင်၊ ဦးညီပု၊ ဦးဟံ သာမြင့်တို့အပါအဝင် အဖွဲ့ဝင် ၁၈ ဦးရှိသည်။

သို့သော် ပါတီခေါင်းဆောင် ခေါ်အောင်ဆန်းစုကြည်၊ နေပြည် တော်ကောင်စီ နယ်မြေဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်နှင့် ဖွဲ့စည်း ပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ ဝင် ဒေါ်ခင်ဌေးကြွယ်တို့ သုံးဦး သည် ဖွဲ့စည်းပုံ အခြေခံဥပဒေအ ရ ပါတီတာဝန်များ ဆောင်ရွက် ခြင်း မရှိပေ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ထံ လွှတ်တော်ကိုယ်စားလှယ် များနှင့် ပတ်သက်၍ တိုင်ကြားမှု ရာနှင့်ချီရှိပြီး စုံစမ်းစစ်ဆေးရန် လို၊ မလိုကို ပထမအဆင့်အနေ ဖြင့် စဉ်းစားနေကြောင်း ၎င်းက ပြောသည်။

‘‘ဘယ်သူ Enquiry (စုံစမ်း စစ်ဆေးမှု) လုပ်မှာလဲ၊ ဘယ်သက် သေစစ်မှာလဲ၊ တရားရုံးပုံစံနဲ့ ကျွန်တော်တို့ အပြည့်အစုံသွားနေ တာပါ’’ ဟု ဦးဉာဏ်ဝင်းက ပြော သည်။ ထိုသို့ တိုင်ကြားမှုတွင် ပြည် ထောင်စု အစိုးရ အဖွဲ့ဝင်များကိုတိုင်ကြားမှု မပါရှိဘဲ တိုင်ကြားခံရ သည့် ဝန်ကြီးချုပ်အရေအတွက် အတိအကျကိုမူ မမှတ် မိကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

ဒီချုပ်လွှတ်တော်ကိုယ်စား လှယ်များ တိုင်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်ကမူ ကော်မတီသို့ ရောက်ရှိလာသည့် တိုင်စာများတွင် ဝန်ကြီးချုပ်လေး ဦးခန့် တိုင်ကြားခံထားရကြောင်း ပြောဆိုထားသည်။

လတ်တလောတွင် စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ပါတီတိုင်ကြား ရေး ဌာနသို့ တိုင်ကြားခံထားရ သည်။ တိုင်းလွှတ်တော်ဝန်ထမ်း အိမ်ရာ တည်ဆောက်ရန် မြေနေ ရာ ခွင့်ပြုပေးထားမှုနှင့် ပတ်သက် ၍ မကျေနပ်သော ဒေသခံ ၁၁ ဦးက ဒေါက်တာမြင့်နိုင်ကို တိုင် ကြားထားခြင်းဖြစ်သည်။

ယခုစီအီးစီအစည်းအဝေး သည် တိုင်းဒေသကြီးသုံးခုမှ ဝန် ကြီးချုပ်တစ်ဦးနှင့်ဝန်ကြီးငါးဦးကို အ ပြောင်း အလဲ ပြုလုပ်ပြီးနောက် ဒီချုပ်ပါတီ၏ ထိပ်ပိုင်းခေါင်း ဆောင်များ ပထမဆုံးတွေ့ဆုံသည့် ဗဟိုအလုပ် အမှုဆောင်အ စည်းအဝေးဖြစ်သည်။

ယင်းအစည်းအဝေးတွင် အ ရေးကြီးဆုံး ဆုံးဖြတ်ချက်အနေ ဖြင့် ပါတီဝင်များ လက်ရှိထက် ပိုမိုအလုပ် လုပ်ကြရန် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်း ဦးဉာဏ်ဝင်း က ဆိုသည်။

7Day

0 comments:

Post a Comment