Monday, January 29, 2018

ပုဒ်မ ၄၀၁ ကို မေ့နေသလား ပေါ်ဦးထွန်း(ခ)မင်းကိုနိုင်


၂၁ ပင်လုံ ကြိုဆိုတဲ့ ဘောလုံးပွဲက ပါဖောမန့်ကို ဦးမင်းကိုနိုင် ဦးဆောင်လုပ်တယ်လို့ သိရတယ်။ ဦးမေတ္တာပြော တဲ့ နောက်ခံစကားပြောကလည်း သူပဲရေးပေးတယ်လို သတင်းကြားရတယ်။ ဒီပါဖောမန့်နဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က “ပြင်းထန်စွာရှုတ်ချ” တဲ့အကြောင်း စာထုတ် တယ်။ ပြည်သူတွေကတော့ ဒီထက်ပိုပြီး ပြင်းထန်တဲ့ အရေးယူမှုမျိုးကို တောင်း ဆိုနေပါတယ်။
မိတ္ထီလာမှာ ပဋိပက္ခဖြစ်တော့ ဦးမင်းကိုနိုင်က ပထမဆုံးရောက်အောင် သွားပြီး “စစ်ဖိနပ်အောက် ရောက်သွားချင်လို့လား”ဆိုတဲ့ စကားကိုပြော ခဲ့ဖူးတယ်။ သူပြောနေ တုန်းမှာ ပဋိပက္ခထိန်းမရသိမ်း မရ ဖြစ်နေလို့ တပ်မတော်က ဝင်ထိန်းမှပဲ မိတ္ထီလာပဋိပက္ခ ပြီးဆုံးသွားခဲ့တယ်။ စာပေဟောပြောပွဲ တစ်ခုမှာ လည်း “စာမတတ်သူတွေ စစ်တိုက်တယ် ” ဆိုပြီး ပြောခဲ့ဖူးတယ်။ လွတ်လပ်ရေးကို တပ်မတော်က ယူပေးခဲ့တာ မဟုတ်ဘူး လို့လည်း ပြောခဲ့ဖူးတယ်။

တာဝန်သိသော တာဝန်ယူရဲသော တပ်မတော်ကို ၈၈ ခေါင်းဆောင်ဟု ကိုယ့်ဘာသာ သတ်မှတ်ပြီး ၈၈ အရေးအခင်းအတွင်း ပျက်စီးသေကျေ ဆုံးရှုံးမှုများကို တာဝန်မယူသော လူတစ်ဦးမှ တိုက်ခိုက်နေခြင်းသည် ရုပ်ပျက်လွန်းသော ကိစ္စဖြစ်သည်။ ဦးမင်းကိုနိုင်ရဲ့ လုပ်ဆောင်မှုတွေဟာ နိုင်ငံရေးလှုပ်ရှားမှုလည်းမဟုတ်၊ ပြည်သူ့အကျိုး လည်းမပြုပါ။ တစ်ဖန် ဦးမင်းကိုနိုင်၏ လုပ်ရပ် နှင့် ပြောဆိုမှုများဟာ ပုဂ္ဂိုလ်ရေးခံစားချက်ကို ရှေ့တန်းတင်လာတာကြောင့် စည်းလွတ် ဘောင်လွတ်ဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပါတီကို အဝင်မခံ၊ ၈၈ တွေပါတီဖွဲ့ တော့လည်း ဘေးထုတ်ခံနေရတဲ့ နိုင်ငံရေးလမ်းဘေးရောက်နေရပြီဖြစ် တဲ့ ကိုယ့်အဖြစ်ကို သုံးသပ်ပါ။

ဦးမင်းကိုနိုင် အနေနဲ့ တပ်မတော်အပေါ် ရည်ရွယ်ချက်ရှိရှိ ပုတ်ခတ်နေတာ ကြာပြီ ဖြစ်ပါတယ်။ ဦးမင်းကိုနိုင် တစ်ယောက်မေ့နေတဲ့ အချက်ကတော့ လွတ်ငြိမ်းချမ်းသာ ခွင့်ရတာဟာ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁နဲ့ပါ။ လုံးဝကွင်းလုံးကျွတ် လွှတ်လိုက်တာ မဟုတ်ဘဲ ပြစ်ဒဏ် အတည်ပြု ခြင်းကို ဆိုင်းငံ့ထားတဲ့ ပုဒ်မ ဖြစ်ပါတယ်။

တရားတပေါင်ဖြေရှင်းရမယ့် အဖြစ်ရောက်လာခဲ့လျှင် လတ်တလောစွဲဆိုတဲ့ ပုဒ်မအလိုက်ပြစ်မှုနဲ့ ယခင် ကျန်ရှိတဲ့ပြစ်မှုတွေပေါင်းပြီး ကျခံရမှာပဲ ဖြစ်ပါတယ်။ ဦးမင်းကိုနိုင်တစ်ယောက် စည်းလွတ်ဘောင်လွတ်၊ ကရားရေလွှတ် ပြောချင်ရင် ပုဒ်မ ၄၀၁ ကို ပြန်သတိရဖို့လိုပါတယ်။ ဒါလေးကိုတော့ သတိထားပါ။

#Min Zaw
ပြည်မြန်မာ မီဒီယာ

0 comments:

Post a Comment