Monday, January 29, 2018

တွံတေးမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတုများဖမ်းမိ

ရန်ကုန် တွံတေးမြို့နယ် မြောင်းတလုပ်ကျေးရွာမှာ  ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၀၇ ရွက်ဖမ်းဆီးရမိခဲ့ တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂၈ ရက် ၅ နာရီခွဲလောက်က ခတ္တိယရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်တွေဟာ သတင်းအရ မြောင်းတ လုပ်ကျေးရွာရှိ ဦးထွေးရဲ့ နာရေးနေအိမ်၌ ရောက် ရှိနေတဲ့ ဇော်ဇော်ဟိန်း(ခ)ကိုဇော် (၂၈)နှစ်ကို စစ်ဆေးရာ ၎င်းလွယ်ထားသည့် ဘေးလွယ်အိတ် အတွင်းမှ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတုတွေသိမ်းဆည်းမိခဲ့တာပါ။

သိမ်းဆည်းရမိတဲ့ ငွေစက္ကူအတုတွေကို စိစစ်ခဲ့ရာ နိုင်ငံခြားစက္ကူ အမျိုးအစားဖြစ်ပြီး စက္ကူသားချောနေခြင်း၊ အတုသည်အစစ်ထက် အလျားနှင့် အနံ ၁ မီလီမီတာ စီတိုခြင်း၊ အရောင်မှေးမှိန်ခြင်း၊ ရုပ်ပုံ/တန်ဖိုး ရေစာများ ပုံရိပ်သာပါရှိခြင်း၊ လုံခြုံရေး ကြိုးမှာ ခရမ်းရောင်သာပါရှိပြီး အရောင်ပြောင်းလဲမှု မရှိခြင်း၊ ကာလာပရင်တာ နည်းဖြင့် တုပထား ခြင်း၊ လျှို့ဝှက်ချက်များမပါရှိခြင်းတို့ကို တွေ့ရှိရတယ်လို့ဆိုပါတယ်။

ဇော်ဇော်ဟိန်း(ခ)ကိုဇော် (ဖမ်းမိ)ကို ခလောက်ချိုက်နယ်မြေ ရဲစခန်းက (ပ)၁၇/၂၀၁၈၊ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။

DVB

0 comments:

Post a Comment