Sunday, January 21, 2018

သူရဦးရွှေမန်း ပါတီထောင်မည့် သတင်းများ မှားယွင်းဟုဆို


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဟောင်း သူရဦးရွှေမန်း နိုင်ငံရေး ပါတီတစ်ခုတည်ထောင်မည်ဟု ထွက်ပေါ်သော သတင်းများသည် မှားယွင်းကြောင်း ၎င်းနှင့်နီးစပ်သူ အချို့က 7Day Daily သတင်းစာအား အတည်ပြုပြော ကြားသည်။


‘‘နိုင်ငံရေးပါတီ ထူထောင်မယ်ဆိုတာကတော့ နောင်တစ် ချိန်မှာတော့ အဲဒီလိုအစီအစဉ် ရှိ၊ မရှိ ကျွန်တော် မသိသော်လည်း အခုလတ်တလော အခြေအနေ မှာတော့ မရှိပါဘူး။ မဟုတ်ပါဘူးခင်ဗျာ’’ဟု သူရ ဦးရွှေမန်း၏ အထူးကော်မ ရှင်တွင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ၎င်း၏တပည့်ရင်း ဦးကို ကိုနိုင်က ပြောသည်။
လွန်ခဲ့သည့် တစ်နှစ်ခန့်က သူရဦးရွှေမန်းသည် လက်ရှိ အာဏာရပါတီ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှု ဆောင်အဖြစ် တာဝန်ပေးခံရ သည်ဆိုသော ကောလာဟလ များ ထွက်ပေါ်ခဲ့ဖူးသည်။
‘‘အဲဒီလိုထွက်တာက တမင် ရည်ရွယ်ချက် တစ်ခုခုနဲ့ထုတ်လွှင့် တယ်လို့ ယူဆပါတယ်။ သူ့ကို မလိုလားတဲ့ သူတချို့က ထိုးနှက် တယ်လို့ ယူဆပါတယ်’’ ဟု ဦးကို ကိုနိုင်က ဆက်ပြောသည်။

ဇန်နဝါရီ ၂၀ ရက်ညတွင် သူရဦးရွှေမန်းသည် ပြည်သူ့ပါတီ အမည်ဖြင့် နိုင်ငံရေးပါတီတစ်ခု တည်ထောင် မည်ဟု ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်၌ စတင်ထွက်ပေါ် ခဲ့ပြီး ယမန်နေ့တွင် ယင်းသတင်း များ ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက် သုံးစွဲသူများနှင့် နိုင်ငံရေးအသိုင်း အဝိုင်းအကြား ကျယ်ကျယ်ပြန့် ပြန့်ပြောဆိုခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ကော်မရှင်တွင် ပါတီထောင် မည့် ကိစ္စ ပြောဆိုခြင်းမရှိကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

‘‘ကော်မရှင်မှာ ပါတီထောင် မယ့် ကိစ္စဆွေးနွေးတာမရှိဘူး။ တပည့်ရင်းတွေနဲ့ သီးသန့်ပြော တာမျိုး ရှိ၊ မရှိတော့ ကျွန်တော်တို့ လည်း မသိဘူး’’ ဟု ၎င်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

သို့သော်ဒေါ်အောင်ဆန်းစုကြည်နှင့် နီးကပ်သော ဆက်ဆံ ရေးရှိသည့် သူရဦးရွှေမန်းသည် ပါတီထောင် မည့်ကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကိုအသိမပေးဘဲလုပ်မည်မဟုတ် ကြောင်း ၎င်းကပြော သည်။

သန်းခေါင်ယံအာဏာသိမ်း ပွဲဟု နာမည်ကြီးသည့် ၂၀၁၅ သြ ဂုတ်၁၂ရက်ည ဖြစ်စဉ်အပြီးယင်းအချိန်က ပြည်ခိုင်ဖြိုးပါတီ၏ ပူးတွဲဥက္ကဋ္ဌတာဝန် ယူထားသူသူရဦးရွှေမန်းနှင့် ပါတီဗဟိုအဆင့်တာဝန်ယူထားသူ ၁၂ဦးသည်ပါတီတာဝန်များမှ ဖယ်ရှားခံခဲ့ရ သည်။

သူရဦးရွှေမန်းသည် ယင်းနှစ် နိုဝင်ဘာတွင် ပြုလုပ်သော အထွေထွေရွေးကောက်ပွဲ၌ ဖြူးမဲဆန္ဒ နယ်မှ ဝင်ရောက်ယှဉ်ပြိုင်သော် လည်း ရှုံးနိမ့်ခဲ့သည်။

ယင်းနောက်ပိုင်းတွင် ပြည် ထောင်စုလွှတ်တော် ဥပဒေရေး ရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌဖြစ်လာသည်။ ၂၀၁၅ ရွေးကောက်ပွဲအပြီး နောက်ပိုင်းတွင် သူရဦးရွှေမန်း အပါအဝင် ပါတီ တာဝန်များမှ ဖယ်ရှားခံရသူ အချို့ကို ပြည်ခိုင်ဖြိုးပါတီဝင်အဖြစ်မှ အပြီးတိုင် ထုတ်ပယ်ခဲ့ သည်။ ၎င်းသည် ၂၀၁၇ ကြားဖြတ်ရွေးကောက် ပွဲတွင်လည်း ဝင်ရောက်ယှဉ် ပြိုင်ခြင်း မပြုခဲ့ပေ။

7Day

0 comments:

Post a Comment