Wednesday, April 18, 2018

မြောင်းမြတံတားနှင့် သက်တမ်းတူသည့် ကြိုးတံတားသုံးစင်းကို ဂျပန်ချေးငွေဖြင့် ပြန်လည်တည်ဆောက်မည်ဟုဆို


ပျက်ကျခဲ့သည့် မြောင်း မြတံတားနှင့် သက်တမ်းတူသည့် ကရင်နှင့်မွန်ပြည်နယ်ရှိ ကြိုးတံ တားသုံးစင်းကို ဂျပန်ချေးငွေဖြင့် ပြန်လည်တည်ဆောက်ရန် စီစဉ် နေကြောင်း ကရင်ပြည်နယ် လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဦးစော ပြည်သာက ပြောသည်။

တံတားသက်တမ်း နှစ် ၂၀ ကျော် ကြာမြင့်ပြီး ခံနိုင်ဝန် လျော့ လာခြင်းကြောင့် မူလတံတားများ ကို အစားထိုးရန် စီစဉ်ခြင်းဖြစ် ကြောင်း ဦးစောပြည်သာက ပြော သည်။

‘‘ဂျပန်ချေးငွေနဲ့ ဆောက် မယ်လေ။ ဂျိုင်း(ကော့ကရိတ်)က မကြာခင် ဒီလထဲမှာ တင်ဒါခေါ် မယ်လေ။ အခု မြေယာလျော် ကြေးတွေပေးဖို့ လုပ်နေတယ်’’ ဟု ၎င်းကပြောသည်။

အစားထိုးတည်ဆောက် မည့် တံတားများသည် ကရင်ပြည် နယ်ရှိ ဂျိုင်း (ကော့ကရိတ်)၊ ဂျိုင်း (ဇသပြင်)နှင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် (မော်လမြိုင်)ကြား အတ္ထရံမြစ်ကူးတံတားတို့ဖြစ် သည်။

နိုင်ငံအတွင်းရှိ ကြိုးတံတား ၂၉ စင်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက စစ်ဆေးပြီးနောက် ဂျိုင်း (ကော့ကရိတ်)တံတားသည် ဧပြီ ၁၉ ရက်ကစတင်ကာ ယာဉ် နှင့်ကုန် စုစုပေါင်း ၁၃ တန်သာ ဖြတ်သန်းခွင့်ပြုထားသည့် တံ တားဖြစ်သည်။ ဂျိုင်း(ဇသပြင်)သည် တန်ချိန် ၂၀ သာ ဖြတ်သန်း ရန်ခွင့်ပြုထားသည်။

ဂျိုင်း (ကော့ကရိတ်)တံတား ကို ၂၀၂၁ တွင် အပြီးတည် ဆောက်မည်ဖြစ်ပြီး ကျန်နှစ်စင်း ကို ၂၀၂၃ တွင် အပြီးတည် ဆောက်မည်ဖြစ်သည်။ ထိုတံ တားများအတွက် ဂျပန် အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ (JICA)က ဒီဇိုင်း ထုတ်ပြီး ချေးငွေလည်း ထုတ်ပေး မည်ဟု ဝန်ကြီးက ဆိုထားသည်။

ဧရာဝတီတိုင်းရှိ သက်တမ်း နှစ် ၂၀ ရှိ မြောင်းမြကြိုးတံတား ဧပြီ ၁ ရက်က ပြတ်ကျမှုကြောင့် လူနှစ်ဦး သေဆုံးခဲ့သည်။ မြောင်း မြတံတား ပြတ်ကျမှုနှင့်ပတ်သက် ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ရာတွင် အဆိုပါတံတားနှင့် သက်တမ်းတူ ကြိုးတံတား ၃၀ ရှိပြီး ကျန် ၂၉ စင်းကို ဂျပန်နှင့် တရုတ်ပညာရှင် များဖြင့် စစ်ဆေးမည်ဟုဆိုထား သည်။
ကြိုးတံတားများကို အသေး စိတ် စစ်ဆေးရေး ပြင်ပမှ ပညာ ရှင်များနှင့် ဆောက်လုပ်ရေးဝန် ကြီးဌာနတို့ ဖွဲ့စည်းရန် စီစဉ်ထား ပြီး လက်ရှိတွင် ဝန်ကြီးဌာနက ပထမအဆင့် ဆန်းစစ်ချက် ပြု လုပ်နေသည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေက ပြောသည်။

နိုင်ငံတော်သမ္မတ ဦးဝင်း မြင့်က နှစ်သစ်ကူးမိန့်ခွန်းတွင် အဆိုပါတံတား ၂၉ စင်းနှင့်ပတ် သက်၍ ‘‘လမ်းပန်းဆက်သွယ်မှု ချောမွေ့ရေးနှင့် ပြည်သူများ အသက်အန္တရာယ် ကင်းရှင်းစေ ရေးအတွက် တစ်နိုင်ငံလုံးရှိ ကြိုး တံတား ၂၉ စင်းကိုလည်း သုံးလ အတွင်း နိုင်ငံခြားပညာရှင်များနှင့် အတူ အသေးစိတ် စစ်ဆေးပေး မှာဖြစ်ပါတယ်။ ယင်းတို့အထဲမှ အန္တရာယ်ရှိနိုင်တဲ့ ကြိုးတံတား များကို ခြောက်လအတွင်း ဦးစား ပေး အစီအစဉ်ဖြင့် ပြင်ဆင်ပေး မှာဖြစ်ပါတယ်’’ဟု ပြောကြား ထားသည်။

7Day

0 comments:

Post a Comment