Sunday, April 29, 2018

ဒုရဲမှူးမိုးရန်နိုင်ကို ထောင်တစ်နှစ်ချ


ရိုက်တာသတင်း ထောက်နှစ်ဦးကို ထောင်ချောက် ဆင်ဖမ်းသည်ဟု ဖွင့်ချသော ဒုရဲ မှူး မိုးရန်နိုင်ကို ရဲစည်းကမ်းထိန်း သိမ်းရေးဥပဒေဖြင့် အလုပ်ကြမ်း နှင့် ထောင်ဒဏ်တစ်နှစ် ချမှတ် ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ဧပြီ ၂၇ ရက်တွင် ဒုရဲမှူး မိုးရန်နိုင်ကို ရဲတရားရုံးက ရဲစည်း ကမ်းထိန်းသိမ်းရေး ဥပဒေ-၁၆ (ခ)/၂၂ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် အမိန့်ချမှတ် ခဲ့ကြောင်း ၎င်းက ပြောသည်။ ထို ပုဒ်မ နှစ်ခုမှာ အမိန့်နာခံရန် ပျက်ကွက်ခြင်းနှင့် ရဲစည်းကမ်းကို ထိခိုက်အောင် ပြုလုပ်လျှင် (သို့မဟုတ်) ပျက်ကွက်လျှင် အရေးယူသော ပုဒ်မဖြစ်ကြောင်း ရှေ့နေတစ်ဦး က ပြောပြသည်။

‘‘အခု အမိန့်ချလိုက်တော့ သူက ဝန်ထမ်းရာထူးကနေ ပြုတ် သွားတာပေါ့’’ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

နေပြည်တော်ရဲတပ်ဖွဲ့ ရဲမှူး ကြီး မျိုးသူစိုးက ‘‘ဘာမှ မှတ်ချက်မရှိပါဘူးဗျ။ ပေးစရာလေ။ အားလုံးလည်း သိတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ကတော့ ရဲတရားရုံးကနေပြီးတော့ သူ့ကို ပြစ်ဒဏ်ချလိုက်ပြီပေါ့နော်။ ပြစ်ဒဏ်ချလိုက်ပြီးတော့ အကျဉ်းဦးစီးကို လွှဲလိုက်ပြီပေါ့။ အဲဒါလေးပဲ ပြောချင်ပါတယ်ခင်ဗျာ။ ကျန်တာမှတ်ချက်မရှိပါဘူး’’ဟု ဧပြီ ၂၉ ရက်တွင် ပြောသည်။

ဒုရဲမှူး မိုးရန်နိုင်ဇနီး ဒေါ်တူးတူးကမူ ခင်ပွန်းကို ထောင်တစ်နှစ်ချခြင်းနှင့်ပတ်သက်၍ မိသားစုထံ အကြောင်းကြားခြင်းမရှိဟု ပြောသည်။

‘‘သူနဲ့ကတော့ အခုထိကို အဆက်အသွယ်မရသေးပါဘူး။ ထောင်တစ်နှစ်ချလိုက်တာလည်း ကျွန်မလိုင်းပေါ်မှာတော့ တွေ့ တယ်။ သက်ဆိုင်ရာကနေ မိသား စုကို တရားဝင်အကြောင်းကြား တာမျိုးတော့ မရှိပါဘူး။ ဒီလို ထောင်ချလိုက်တဲ့အပေါ်မှာ ဘာမှမပြောနိုင်သေးပါဘူး’’ဟု ဒေါ်တူး တူးက ပြောသည်။

ပြည်ထဲရေး အတွင်းဝန် ဦးတင်မြင့်ထံ မှတ်ချက်မေးမြန်း ရန် ဖုန်းဖြင့် ယမန်နေ့က လေးကြိမ်ခေါ်ဆိုသော်လည်း ဖုန်းမကိုင်ပေ။

ဒုရဲမှူး မိုးရန်နိုင်သည် ရိုက် တာသတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ ကြောင်း ဧပြီ ၂၀ ရက် ရုံးချိန်းတွင်  ပြောကြားသည်။

7Day

0 comments:

Post a Comment