Monday, April 30, 2018

မရွှေရည်ဝင်းသေဆုံးသည့်အမှုမှ တက္ကစီယာဉ်မောင်းအား အဓမ္မပြုကျင့်မှု၊ လူသတ်မှု စသည့် ပုဒ်မ ၄ ခုဖြင့် စွဲချက်တင်လိုက်ပြီ


FDA ဝန်ထမ်း မရွှေရည်ဝင်း(ရွှေရည်)ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သည့် တက္ကစီယာဉ်မောင်း မျိုးဇော်ဦး(ခ) ဆီဒိုးနားအား ပြစ်ဒဏ်ထင်ရှားလျှင် သေဒဏ်(သို့) တစ်သက်တစ်ကျွန်းအထိ ကျခံစေနိုင်မည့် ပုဒ်မ ၄ ခုဖြင့် ဧပြီလ ၃၀ ရက်တွင် စွဲချက်တင်လိုက်ကြောင်း သိရသည်။

တက္ကစီယာဉ်မောင်း မျိုးဇော်ဦး(ခ) ဆီဒိုးနားအား ပုဒ်မ လေးခုဖြစ်သည့် ၃၉၄၊ ၃၇၆၊ ၃၇၇၊ ၃၀၂ တို့ဖြင့် စွဲချက်တင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ 

“ သူ့ကိုစွဲထားတဲ့ပုဒ်မ ၃၉၄၊ ၃၇၆၊ ၃၇၇၊ ၃၀၂ နဲ့စွဲချက်တင်ဖို့ဆုံးဖြတ်လိုက်တယ်။ ပြစ်မှုထင်ရှားမယ်ဆိုရင် သေဒဏ် ဒါမှမဟုတ် တစ်သက်တစ်ကျွန်းကျခံရမယ်။ ဒါပေမဲ့တရားခံကိုစစ်ဆေးရဦးမယ်။ တရားခံဘက်က သက်သေတွေကိုလည်းစစ်ဆေးရဦးမယ်။ သူတို့ရဲ့ထွက်ဆိုချက်တွေကိုစစ်ဆေးပြီးမှ အမိန့်ချမှာပါ။ တရားခံမျိုးဇော်ဦးက လူသတ်မှုကတော့ထင်ရှားတဲ့အတွက် ဒ့ကိုတော့သူရှင်းကိုရှင်းရမယ်။ဒါပေမဲ့ အဓမ္မကျင့်တာ မဟုတ်တဲ့အတွက်မျှော်လင့်ချက်ကတော့ရှိတယ်။ပြီးတော့ဒီနေ့မှာ တရားခံက အဓမ္မပြုကျင့်ပါတယ်ဆိုတဲ့ ဝန်ခံလိုက်တဲ့ဖြောင့်ချက်ကိုရုပ်သိမ်းပေးဖို့လက်ခံလိုက်တဲ့အတွက် အပြောင်းအလဲတော့ရှိလိမ့်မယ်။ လာမယ့်ရုံးချိန်းမှာ ခံပြသက်သေကို စတင်စစ်ဆေးမယ်။တရားခံရဲ့ဦးလေးနဲ့ ဒုရဲအုပ်ယာချမ်းမြေ့အောင်တို့နှစ်ဦးလို့တော့ လောလောဆယ်သိထားတယ်။ ဟု ရှေ့နေ ဦးမောင်မောင်စိုးက ပြောသည်။

တရားခံမျိုးဇော်ဦး(ခ)ဆီဒိုးနား ၂၇နှစ်ကို ၊ အဓမ္မပြုကျင့်မှု ၊ ဓမ္မတာနှင့်ဆန့်ကျင်မှု ၊ လူသတ်မှု တို့ဖြစ်သည့် ရာဇသတ်ကြီးပုဒ်မ ၃၉၄၊ ၃၇၆၊ ၃၇၇၊ ၃၀၂ ပုဒ်မ လေးခုတို့ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်မှာ အသက် ၂၅ နှစ် မရွှေရည်ဝင်း (ခ) ရွှေရည်ကို အစားအသောက်နှင့် ဆေးဝါးဦးစီးဌာနမှ ဒုကြီးကြပ်ရေးမှူးကို ဇန်နဝါရီလ ၁၉ ရက်နေ့က နေပြည်တော်မှ ရန်ကုန်ရှိ မိသားစု၏နေအိမ်သို့ ပြန်လာခဲ့ပြီးနောက် နေအိမ်မှ အလုပ်ကိစ္စဖြင့် အပြင်ထွက်သွားရာမှ ပျောက်ဆုံးခဲ့သောကြောင့် ဖခင်ဖြစ်သူက ဒဂုံမြို့မ ရဲစခန်းတွင် လူပျောက်တိုင်ချက်ဖွင့်ခဲ့ပြီးနောက် ဇန်နဝါရီလ ၂၁ ရက် နံနက်ပိုင်းတွင် ငမိုးရိပ်ချောင်း ကမ်းစပ်တွင် ခန္ဓာကိုယ်အောက်ပိုင်း အဝတ်ဗလာဖြင့် သေဆုံးနေသော မရွှေရည်ဝင်း (ခ) ရွှေရည်ကို တွေ့ရှိခဲ့ရာမှ တရားခံမျိုးဇော်ဦးကိုစွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

ဒါးဇ(အကုန်သိသတင်းဌာန) 




0 comments:

Post a Comment