Sunday, April 29, 2018

ဇွန်လမှာ ပြုလုပ်မယ့် ချန်ပီယံကာကွယ်ပွဲမှာ ပြိုင်ဘက်ကို သုံးချီအတွင်းပွဲသိမ်းမည်ဟု အောင်လ ပြော


လာမယ့် ဇွန်လ ၂၉ ရက်နေ့ မှာ ရန်ကုန်မြို့  သုဝဏ္ဏမိုးလုံလေလုံအားကစားရုံမှာ ပြုလုပ်သွားမယ့် “Spirit of a Warrior” အမည်ရ One Championship ရဲ့  MMA ပွဲစဉ်မှာ မြန်မာစပါးအုံး အောင်လအန်ဆန်ရဲ့  မစ်ဒယ်ဝိတ်တန်း ချန်ပီယံသရဖူကာကွယ်ပွဲလည်း ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။

အောင်လဟာ ရန်ကုန်မြို့ မှာပဲ ကျင်းပခဲ့တဲ့ ပြီးခဲ့တဲ့ MMA ပြိုင်ပွဲမှာလည်း အောင်ပွဲရထားခဲ့သူပါ။ ဒါ့အပြင် သိပ်မကြာခင်က ရန်ကုန်မြို့ မှာ ပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲသုံးခုစလုံးမှာလည်း အောင်လဟာ ပြိုင်ဘက်တွေကို အနိုင်ယူထားခဲ့သူဖြစ်ပါတယ်။

ယင်းသုံးပွဲအနက် နှစ်ပွဲကို ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့သလို One Championship ရဲ့  မစ်ဒယ်ဝိတ်တန်း ချန်ပီယံစိန် ခေါ်ပွဲမှာတော့ ပထမတစ်ကြိမ်က ရှုံးနိမ့်ထားခဲ့တဲ့ ချန်ပီယံ ဗစ်တာလီဘစ်ဒက်ရှ်ကို ငါးချီပြည့်ထိုးသတ်ကာ အမှတ်နဲ့ အနိုင်ရပြီး ချန်ပီယံသစ်ဖြစ်လာခဲ့သူဖြစ်ပါတယ်။

အောင်လဟာ ဖေဖော်ဝါရီလက ပြုလုပ်ခဲ့တဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံလုပွဲမှာတော့ အလက်ဇန္ဒြားမာချာဒိုကို ၅၆ စက္ကန့် နဲ့ အလဲထိုးကာ ဒုတိယမြောက် ၀ိတ်တန်းတစ်ခုရဲ့  ချန်ပီယံထပ်ဖြစ်ခဲ့ပါတယ်။

ယင်းချန်ပီယံလုပွဲနှစ်ခုအကြား ပြုလုပ်တဲ့ အလွတ်တန်းပြိုင်ပွဲတစ်ခုမှာလည်း လူ့ ဘီလူးကြီးလို့ ဆိုရမယ့် အလိန်းအန်ဂါလာနီကို ပထမအချီ ၄ မိနစ် ၅၁ စက္ကန့် မှာ သူ့ ရဲ့ နာည်မည်ကျော် ချုပ်ကွက်နဲ့  အနိုင်ယူ ထားခဲ့ သူပါ။ အောင်လအန်ဆန်ရဲ့  MMA ပြိုင်ပွဲမှတ်တမ်းကတော့ ၂၂ ပွဲနိုင် ၁၀ ပွဲရှုံး ရှိထားပါတယ်။

သူ့ ရဲ့ ချန်ပီယံကာကွယ်ပွဲ ထိုးသတ်မယ့်အစီအစဉ်ကို စနေနေ့  ဧပြီ ၂၁ ရက်မှာ အောင်လက အတည်ပြုပြော ဆိုခဲ့တယ်လို့ သိရပါတယ်။ သူ့ ရဲ့ ပထမဆုံး ချန်ပီယံကာကွယ်ပွဲအတွက် Hard Knocks 365 ကလပ်နဲ့  ပူးပေါင်းလေ့ကျင့်သွားမယ်လို့ သိရပြီး သူစခန်းဝင်လေ့ကျင့်နေစဉ်ကာလတလျှောက်လုံး ဇနီး၊သားဖြစ်သူတို့ နဲ့  ခွဲနေမယ်လို့  ဆိုပါတယ်။

မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲအတွက် ပြိုင်ဘက်ကို မသိရသေးပေမယ့် သူ့ အနေနဲ့ စိုးရိမ်စိတ်ကြီးကြီး မားမားမရှိဘူးလို့  အောင်လက ပြောခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံကာကွယ်ပွဲရဲ့  တတိယအချီမြောက်မှာ ပွဲသိမ်း အနိုင်ယူနိုင်လိမ့်မယ်လို့  ထင်မြင်ကြောင်းလည်း အောင်လက ခန့် မှန်းပြောဆိုခဲ့တယ်လို့  သိရပါတယ်။

ကိုလင်း 
AKonThi

0 comments:

Post a Comment