Monday, April 30, 2018

ပြည်တွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအချို့ စည်းကမ်းဖောက်ဖျက်မှုဖြင့် အရေးယူခံရ


မြန်မာနိုင်ငံအတွင်း ဟိုတယ်နှင့် ခရီးသွားလာရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရန် (၂) နှစ် အတွင်း လုပ်ငန်း လိုင်စင်ထုတ်ပေးထားသည့်အနက် လုပ်ငန်းလိုင်စင်ဆိုင်ရာစည်းကမ်းများ ဖောက်ဖျက်မှု နှင့် လိုင်စင်သက်တမ်း ကုန်ဆုံးမှုများအတွက် အရေးယူခဲ့ကြောင်း သိရသည်။

၂၀၁၆ခုနှစ် ဧပြီလမှ ၂၀၁၈ ခုနှစ် မတ်လအထိ (၂) နှစ်အတွင်း ဟိုတယ်လုပ်ငန်းဆောင်ရွက်ရန် အခန်း ၁၃၀၀၄ ခန်းရှိသော ဟိုတယ်နှင့် တည်းခိုရိပ်သာ ၂၈၃ လုံးခန့်ကို လုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးခဲ့ပြီး ဟိုတယ်နှင့် တည်း ခိုရိပ်သာ လုပ်ငန်းလိုင်စင်ဆိုင်ရာ စည်းကမ်းများ ဖောက် ဖျက်သဖြင့် ဟိုတယ် (၃) လုံးကို လိုင်စင်ပယ်ဖျက်ကာ ဟိုတယ် (၃) လုံးကို လိုင်စင် သုံးလခန့်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရီးသွားလာရေးလုပ်ငန်း ဆောင်ရွက်ရန် ခရီးသွားလုပ်ငန်းကုမ္ပဏီ (၁၀၉၇) ခုကို လုပ်ငန်းလိုင်စင် ခွင့်ပြုပေး ခဲ့ပြီး လိုင်စင်စည်းကမ်းများဖောက်ဖျက်သဖြင့် ကုမ္ပဏီ (၂) ခုကို လိုင်စင်ပယ်ဖျက်ခြင်း၊ ကုမ္ပဏီ (၂) ခု လိုင်စင်( ၆ ) လခန့် ရုပ်သိမ်းခြင်း၊ ကုမ္ပဏီ (၄) ခုကို လိုင်စင် (၃) လ ရုပ်သိမ်းခဲ့ပြီး၊ လုပ်ငန်းလိုင်စင်သက်တမ်း ကုန်ဆုံး ပြီးဖြစ်သော်လည်း လိုင်စင်သက် တမ်းတိုးခြင်းမရှိသည့် ကုမ္ပဏီ ( ၃၇၇) ခုကို လုပ်ငန်းလိုင်စင်များ ပယ်ဖျက်ခဲ့ ကြောင်း သိရသည်။

ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းဆောင်ရွက်ရန်အတွက် လုပ်ငန်းလိုင်စင် (၂၀၄၆) ခုကို ခွင့်ပြုပေးခဲ့ပြီး၊ ယင်း အနက် လိုင်စင်စည်းကမ်းများ ဖောက်ဖျက်ခဲ့သဖြင့် စက်တပ်ရွက်လှေ (၁) စီးကို လိုင်စင် (၆) လရုပ်သိမ်းပြီး၊ လိုင်စင်သက်တမ်းကုန်ဆုံးသော်လည်း လိုင်စင်သက်တမ်းတိုးခြင်းမရှိသည့် မော်တော် ယာဉ် (၁၀) စီးကို လိုင် စင်များ ပယ်ဖျက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတစ်ချို့ လုပ်ငန်းလိုင်စင်ဆိုင်ရာစည်းကမ်းများ ဖောက်ဖျက်မှုနှင့် လိုင်စင် သက်တမ်း ကုန်ဆုံးမှုများအတွက် အရေးယူခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဧပြီလ ၂၅ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။


သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment