Friday, April 27, 2018

ရန်ကုန်ပညာရေးတက္ကသိုလ်အောက်ရှိ လေ့ကျင့်ရေးအထက်တန်းကျောင်းအတွက် မူ /လယ်/ ထက် ဆရာဆရာမများကို တိုက်ရိုက်ခေါ်ယူနေ


ရန်ကုန်ပညာရေးတက္ကသိုလ်ရှိ လေ့ကျင့်ရေးအထက်တန်းကျောင်းအတွက် တာဝန်ထမ်းဆောင်လိုသော ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းပြ၊အလယ်တန်းပြ၊အထက်တန်းပြ ဆရာဆရာများအား တိုက်ရိုက်ခေါ်ယူနေကြောင်း ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပါမောက္ခချု ပ် ဒေါက်တာ အေးအေးမြင့်က ဧပြီ ၂၆တွင် အကုန်သိ သတင်းဌာနကို ပြောသည်။

အဆိုပါ ခေါ်ယူမှုများကို ၂၀၁၈ ခုနှစ် ဇွန်လ ကျောင်းဖွင့် ရာသီ အမီ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

’’စုစုပေါင်း ၅၆နေရာလိုတာပေါ့။ ဒါပေမယ့် အကုန်လုံး အခြေခံပညာက ခေါ်မှာတော့ မဟုတ်ဘူး။ ဆရာမတို့ကျောင်းက လည်း ခေါ်ဦးမှာဖြစ်တယ်။ ဘယ်လိုခေါ်မယ် ဆိုတာတော့လောလောဆယ် မလုပ်ရသေးဘူး။ ဒါပေမယ့်စိတ်ဝင်စားတဲ့ ဆရာ၊ ဆရာမတွေလျှောက်ထားနိုင်တယ်ဆိုပြီး အခြေခံကို ပြောထားတယ်။ ဒါက တိုက်ရိုက်ခေါ်တာပေါ့’’ဟု ၄င်းပါမောက္ခချုပ် က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်ပညာရေးတက္ကသိုလ်လက်အောက်ရှိ လေ့ကျင့်ရေး အထက်တန်းကျောင်းနှင့် ရန်ကင်းပညာရေးကောလိပ်အောက်ရှိ ရန်ကင်းလေ့ကျင့်ရေး အလယ်တန်းကျောင်းဟူ၍ နှစ်ကျောင်းရှိကာ ၄င်းကျောင်းများ စီမံခန့်ခွဲမှုသည် အခြေခံပညာဦးစီးဌာန၏ လက်အောက်တွင်မရှိဘဲ အဆင့်မြင့်ပညာဦးစီးဌာန၏ ကျောင်းများနှင့်တွဲ၍ ထားရှိကြောင်း သိရသည်။

နှစ်စဉ် ရန်ကင်း TTC နှင့် ကမာရွတ် TTC သို့ အခြေခံပညာ မူလတန်းပညာအတွက် ကျောင်းအပ်သူ ကျောင်းသားကျောင်းသူများ မှာ အလွန်ပင် များပြားပြီး ကျောင်းမှ မြို့နယ်ကန့်သတ်ချက်၊ ပညာရေးဝန်ထမ်း သားသမီးများနှင့် မြို့နယ်အတွင်း နေထိုင်သူ ၏ သားသမီးများကိုသာ စိစစ်လက်ခံကြောင်း သိရသည်။


မင်းသီဟန်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment