နယူးယောက်ကလာတဲ့ နောက်ဆုံးသတင်းတပုဒ်အရ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres အန်တိုနီယို ဂွတ်တားရက်စ် က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ် အဖြစ် လက်ရှိ ဂျာမဏီနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး Christine Schraner Burgener ခရစ်တင်း ရှယားနား ဘာဂီးနာ ကိုခန့်အပ် ပါလိမ့်မယ်။
အခုလို တာဝန်ပေးမယ့်သတင်းကို ဒီကနေ့ ကြာသပတေးနေ့မှာ တရားဝင်ကြေညာမယ်လို့ ဆိုပါတယ်။ သူမဟာ ထိုင်းနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။
RFA
0 comments:
Post a Comment