Monday, April 30, 2018

ရန်ကုန်မြို့ နေရာငါးခု၌ အသက်ရှူလမ်းကြောင်း ထိခိုက်စေနိုင်သည့် နိုက်ထရိုဂျင်နှင့် ဆာလ်ဖာဒိုင်အောက်ဆိုက် သတ်မှတ်စံနှုန်းထက် ပိုမိုနေ


ရန်ကုန်မြို့ လေထုတိုင်းတာသော နေရာငါးခု၌ နိုက်ထရိုဂျင်နှင့် ဆာလ်ဖာဒိုင်အောက်ဆိုက် သတ်မှတ်စံနှုန်းထက် ပိုမိုကြောင်း စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းထံမှ သိရသည်။

ရန်ကုန်မြို့အတွင်း လေထုတိုင်းတာမှုကို လူနေထူထပ်ပြီး မော်တော်ယာဉ် အသွားအလာများသည့် လှည်းတန်းလမ်းဆုံ၊ ဘုရင့်နောင်လမ်းဆုံ၊ မြေနီကုန်းလမ်းဆုံ၊ တာမွေလမ်းဆုံနှင့် ရန်ကုန်မြို့တော် ခန်းမရှေ့တို့တွင် တိုင်းတာခဲ့ခြင်း ဖြစ်သည်။

နိုက်ထရိုဂျင်နှင့် ဆာလ်ဖာဒိုင်အောက်ဆိုက် များပြားခြင်းက အသက်ရှူလမ်းကြောင်းကို များစွာထိခိုက်စေနိုင်ကြောင်း သိရသည်။ လေထုတိုင်းတာမှုကို ၂ဝ၁၆ ခုနှစ် အတွင်းက စတင်တိုင်းတာခဲ့ပြီး တစ်နှစ်လျှင် တစ်ကြိမ်သာ တိုင်းတာနိုင်ခြင်း ဖြစ်သည်။

လေထုတိုင်းတာမှုများကို ပွင့်လင်းရာသီတွင်သာ ဆောင်ရွက်ပြီး လူနေထူထပ်သော နေရာများနှင့် စက်တပ်ယာဉ်များ သွားလာမှု များပြားသောနေရာများကို ရွေးချယ်တိုင်းတာမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

The Ladies News

0 comments:

Post a Comment