Sunday, April 29, 2018

လှည်းကူးမြို့နယ်အတွင်းရှိ ရိပ်သာတစ်ခုမှ ငွေကျပ် (၂၃)သိန်း ခိုးယူသွားသူအား ဖမ်းမိ


လှည်းကူးမြို့နယ်၊ မဟာစည်သာသနာ့ရိပ်သာတွင် ဓမ္မကထိက သင်တန်းတက်ရောက်နေသည့် သံဃာတော်များ၏ ငွေများ ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ငွေကျပ်၂၃သိန်း ခိုးယူသွားသူအားဧပြီ ၂၇ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။


ပြီးခဲ့သည့် ၂၅.၄.၂၀၁၈ ရက်နေ့ နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ မဟာစည်သာသနာ့ ရိပ်သာတွင် ဂေါပကအဖြစ် ဆောင်ရွက်နေသူ ဦး----သည် အဆိုပါရိပ်သာ၌ ဓမ္မကထိက သင်တန်းတက်ရောက်နေသည့် သံဃာ တော်များ၏ ငွေများ ပျောက်ဆုံးနေကြောင်း ပြောပြချက်အရ သွားရောက် မေးမြန်းခဲ့ရာ သံဃာတော် (၁၁)ပါးထံမှ စုစုပေါင်းငွေကျပ် (၂၃)သိန်းမှာ ပျောက်ဆုံးနေကြောင်း သိရှိရ သဖြင့် ခိုးယူသူအား စုံစမ်း ဖော်ထုတ် အရေးယူပေးရန် ဦး----၏ တိုင်တန်းချက်အရ လှည်းကူးမြို့မရဲစခန်း (ပ)၃၈၄/၂၀၁၈၊ ရာဇသတ် ကြီးပုဒ်မ ၃၈၀/၂၉၅ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

အမှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ဝင် များက စုံစမ်းဆောင်ရွက်ခဲ့ရာ ရိပ်သာအတွင်းသို့ ၀င်/ထွက်သွားလာသည့် မော်တော်များနှင့်ပတ်သက်၍ စိစစ် ရာတွင် Probox ယာဉ်မှာ ၂၅.၄.၂၀၁၈ ရက်နေ့ နံနက်၀၆၅၀ အချိန်၌ လှည်းကူး-ဖောင်ကြီး-တာဆုံတွင် ဂိတ်ထိုးထားစဉ် အမျိုးသားတစ်ဦးမှ ယာဉ်အားငှားရမ်းသဖြင့် လှည်းကူးမြို့နယ်၊ ကဒစ်ကျေးရွာရှိ မဟာစည် သာသနာ့ရိပ်သာသို့ လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း၊ ရိပ်သာသို့ အရောက် ယာဉ်မောင်းဖြစ်သူအား ၎င်း၏ အမည်မှာ နေမျိုးဖြစ်ကြောင်းပြောဆိုကာ ရိပ်သာအတွင်းသို့ ၀င်သွားခဲ့ပြီး ခဏအကြာ အဆိုပါအမျိုးသား ပြန်ထွက်လာပြီးနောက် လှည်းကူးမြို့နယ်ရှိ Vivo ဖုန်းအရောင်းဆိုင် တစ်ခုသို့ လိုက်ပါပို့ဆောင်ပေးခဲ့ရ ကြောင်းကို ယာဉ်မောင်းအား စစ်ဆေးချက်အရ သိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းရရှိချက်များအရ အဆိုပါအမှုအားကျူးလွန်သူမှာ စစ်ကိုင်း တိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်နေ ဌေးအောင်(ခ) ဇွဲဟန်၊ (၂၉)နှစ် ဖြစ်ကြောင်းနှင့် ၎င်းမှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ တည်းခိုခန်းတစ်ခုသို့ ရောက်ရှိတည်းခိုနေကြောင်း သိရှိရသဖြင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ဆက်သွယ် ၍ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၂၇.၄.၂၀၁၈ရက်နေ့ နံနက် ၀၉၀၅ အချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁)ရဲစခန်းမှတပ်ဖွဲ့ဝင်များက ဌေးအောင်(ခ) ဇွဲဟန်၊ (၂၉)နှစ်၊ (ဘ)ဦးမြမော် အား ခိုးယူခဲ့သည့် ငွေများ အနက်မှ ငွေကျပ် (၁၉)သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

ဖမ်းဆီးရမိသူ ဌေးအောင်(ခ)ဇွဲဟန်အား မြောက်ပိုင်းခရိုင်၊ မှုခင်းနှိမ်နင်းရေး ဌာနစုမှတပ်ဖွဲ့ဝင်များက မန္တလေး တိုင်းဒေသကြီးမှ ရန်ကုန်တိုင်းဒေ သကြီးသို့ သွားရောက်ခေါ်ဆောင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူအား အခြား ပြစ်မှုများ ကျူးလွန်ခြင်းရှိ မရှိ တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

The Ladies News

0 comments:

Post a Comment