Wednesday, April 25, 2018

တယ်လီနောနှင့် Ericsson တို့ ပူးပေါင်း၍ မြန်မာ့အမြန်ဆုံး အင်တာနက်မြန်နှုန်း စံချိန်သစ်တင်


တယ်လီနောနှင့် Ericsson တို့ ပူးပေါင်းပြီး အင်တာနက်မြန်နှုန်း စမ်းသပ်မှုတစ်ရပ်ကို ယနေ့ ဧပြီ ၂၅ ရက်က ရန်ကုန်မြို့ ၌ လုပ်ဆောင်ခဲ့ရာ မြန်မာနိုင်ငံတွင် အမြင့်ဆုံး မြန်နှုန်း စံချိန်သစ်ဖြစ်သည့် တစ်စက္ကန့်လျှင် ၁ Gbps အထိ ရရှိခဲ့ပြီ အဆိုပါ မြန်နှုန်းစမ်းသပ်မှုတွင် မိုဘိုင်းသုံးစွဲသူ များအား စွမ်းဆောင်ရည် မြှင့်တင်ပေးသော LTE လုပ်ဆောင်မှုတစ်ခုဖြစ်သည့် Licensed Assisted Access (LAA) အစရှိသည့် နည်းပညာများကို အသုံးပြုခဲ့ကြောင်း တယ်လီနော မှသိရသည်။
အမြန်နှုန်းစမ်းသပ်မှုတွင် ပုံမှန် စမတ်ဖုန်းတစ်ခုကို အခြေခံကာ အဓိက LTE နည်းပညာများဖြစ်သည့် 256 QAM ၊ 4x4 MIMO နှင့် Carrier Aggregation တို့ကို အသုံးပြုပြီး လိုင်စင်ရနှင့် ခွင့်ပြုချက်ရ လိုင်စင်မဲ့ လှိုင်းနှုန်းစဉ်များ ပေါင်းစပ်ကာ စမ်းသပ်ခဲ့ရာမှ အမြန်နှုန်း စံချိန်သစ်အဖြစ် တစ်စက္ကန့်လျှင် ၁ Gbps အထိ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အမြန်နှုန်းစမ်းသပ်မှုတွင် ပုံမှန် စမတ်ဖုန်းတစ်ခုကို အခြေခံကာ အဓိက LTE နည်းပညာများဖြစ်သည့် 256 QAM ၊ 4x4 MIMO နှင့် Carrier Aggregation တို့ကို အသုံးပြုပြီး လိုင်စင်ရနှင့် ခွင့်ပြုချက်ရ လိုင်စင်မဲ့ လှိုင်းနှုန်းစဉ်များ ပေါင်းစပ်ကာ စမ်းသပ်ခဲ့ရာမှ အမြန်နှုန်းစံချိန်သစ်အဖြစ် တစ်စက္ကန့်လျှင် ၁ Gbps အထိ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ရရှိခဲ့တဲ့ Gigabit 4GLTE စမ်းသပ်မှုက မြန်မာနိုင်ငံနဲ့ မြန်မာ့ဆက်သွယ်ရေးကဏ္ဍအတွက် မှတ်တမ်းတင် လောက်တဲ့ အောင်မြင်မှုတစ်ရပ်ပဲ ဖြစ်ပါတယ်။ တယ်လီနောအနေနဲ့ မြန်မာနိုင်ငံမှာ အမြန်ဆုံးနဲ့ အတည်ငြိမ်ဆုံး အင်တာနက် ကွန်ရက်ကို တည်ထောင်ထားပြီးဖြစ်သလို ယနေ့ပြုလုပ်တဲ့ မြန်နှုန်းစမ်းသပ်မှုက ကျွန်တော်တို့ရဲ့ ကွန်ရက်ဟာ အနာဂတ်ကာလမှာ ပိုမိုမြင့်မားလာမယ့် ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အသင့်ရှိနေပြီ ဆိုတာကို ပြသနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေ့ အောင်အောင်မြင်မြင်ရရှိခဲ့တဲ့ ရလဒ်က 5G မြန်နှုန်းအဆင့်အထိ ရောက်ရှိခဲ့ပြီဖြစ်သလို တယ်လီနောရဲ့ ကွန်ရက်တိုးတက်မှုအတွက်လည်း အရေးပါလှတဲ့ ခြေလှမ်းတစ်ရပ်ကို လှမ်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်” ဟု တယ်လီနော မြန်မာ၏ အမှုဆောင် အရာရှိချုပ် Lars Erik Tellmann က ပြောသည်။

Gigabit LTE နှင့် မြန်မာနိုင်ငံတွင် 5G နည်းပညာ အသုံးပြုနိုင်ရေး အဆင်သင့်ဖြစ်မှုတို့အတွက် ဆက်လက်ဆောင်ရွက်ရန် တယ်လီနောနှင့် Ericsson တို့၏ ပူးပေါင်းမှုကို ပိုမိုခိုင်မာစေမည် ဖြစ်ပြီး၊ ယင်းအပြင် ဧပြီလအစပိုင်းတွင် အင်တာနက်စမ်းသပ်ခြင်းအတွက် ကမ္ဘာ့ထိပ်တန်းဖြစ်သော Ookla က ချီးမြှင့်သည့် ၂၀၁၇ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ အမြန်ဆုံးမိုဘိုင်းကွန်ရက်ဆုကို တယ်လီနောမြန်မာက ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ် တတိယ သုံးလပတ်မှ စတုတ္ထ သုံးလပတ်အတွင်း ရရှိခဲ့သော အချက်အလက်များအရ တယ်လီနောသည် အခြား အော်ပရေတာများ ထက် ပိုမိုမြန်ဆန်သော ပျမ်းမျှမြန်နှုန်းကို သုံးစွဲသူများအား ၀န်ဆောင်မှုပေးနိုင်ခဲ့ကြောင်း သိရသည်။

စုသက်နှင်း 
AKonThi

0 comments:

Post a Comment