Wednesday, April 25, 2018

ထိန်ပင်အမှိုက်ပုံမီးငြှိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများထံ အနုပညာရှင်အချို့ သွားရောက်လှူဒါန်း


ဧပြီ ၂၁ ရက်ကတည်း က ယနေ့အထိ ငါးရက်ကြာလောင် ကျွမ်းနေသော ထိန်ပင်သုသာန် အနီးရှိ အမှိုက်ပုံမီးလောင်မှုကို ငြှိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများအား အနုပညာရှင်အချို့က စားသောက်ဖွယ်ရာများနှင့် Mask များလှူဒါန်းခဲ့ကြောင်း ဘိုဘိုအင် တာတိန်းမန့်မှ ကိုဘိုစန်းကပြော သည်။

မီးအပူခံအင်္ကျီနှင့် အားဖြည့် ဆေး Enervon-C ဆေးများ လို အပ်သည်ဟု အုပ်ချုပ်ရေးမှူးများ က ပြောသောကြောင့် အဆိုပါပစ္စည်းများ ထပ်မံ၍ သွားရောက်လှူဒါန်းဦးမည်ဟု ဆိုသည်။

၎င်းအပါအ၀င် မီဒီယာ 7 နှင့် Bella အလှကုန်တို့ ပေါင်းစုကာ လာရောက်လှူဒါန်းပြီး သရုပ်ဆောင်များအနေဖြင့် သိန်းလင်းစိုး၊ ဂျိုကာ၊ နန်းခင်ဇေယျာ၊ သွန်းဆက်၊ ဘီလီလမင်းအေးနှင့် ဂျူးစံသာတို့ပါဝင်ကာ လာရောက်လှူဒါန်းခဲ့သည်။

‘‘နန်းခင်တို့ ဒီမှာလှူဖို့ မတ် တတ်ရပ်စောင့်နေတာ ငါးမိနစ်ပဲ ရှိသေးတယ်။ ခေါင်းတွေတောင် ကိုက်လာတယ်။ အထဲမှာငြှိမ်း သတ်နေတဲ့သူတွေ ဘယ်လိုများ နေမလဲပေါ့။ ရေတွေဖျန်းရတယ်။ ရာသီဥတုက အရမ်းပူလောင်နေ တဲ့အခါမှာ အသက်အန္တရာယ် တောင် စိုးရိမ်ရပါတယ်။ တော် တော်လေးကို ဒုက္ခရောက်မယ်လို့ လည်း ထင်ပါတယ်’’ဟု အလှမယ်သရုပ်ဆောင် နန်းခင်ဇေယျာက ပြောသည်။

မြန်မာအလှမယ်များ စုစည်းထားသော Miss Myanmar Charity Group အနေဖြင့် မနက် ဖြန် နံနက်တွင် လိုအပ်သည်များထပ်မံ သွားရောက်လှူဒါန်းဦးမည်ဟု နန်းခင်ဇေယျာက ပြောသည်။

အဆိုပါမီးလောင်ကျွမ်းရာ နေရာတွင် သရုပ်ဆောင် ဒေါင်းက အောက်ဆီဂျင် ငါးလုံးလာရောက် လှူဒါန်းပြီး သရုပ်ဆောင်ထွန်းကို ကိုက မီးသတ်တပ်ဖွဲ့နှင့်အတူ လိုက်ပါကူညီဆောင်ရွက်နေ သည်ကို တွေ့ရသည်။

7Day

0 comments:

Post a Comment