Wednesday, April 25, 2018

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်း M-150 အချိုရည်ပုလင်းအား အသုံးပြုပြီး ပေါက်ကွဲခဲ့သည့် ဖြစ်စဉ်မှ နှစ်ဦးအား အလုပ်နှင့်ထောင်ဒဏ် ဆယ်နှစ်ချမှတ်


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်း M-150 အချိုရည်ပုလင်း အသုံးပြုပြီး ပေါက်ကွဲခဲ့သည့်ဖြစ်စဉ်မှ နှစ်ဦးအား ဧပြီ ၂၅ ရက်တွင် အနောင်ပိုင်းခရိုင်တရားရုံးမှ အလုပ်နှင်ထောင်ဒဏ် ၁၀ နှစ် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။

အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံသူနှစ်ဦးမှာ မောင်ရွှေနှင့် စိုးဝင်း တို့ဖြစ်ပြီး ၄င်းတို့အား ပေါက်ကွဲစေတက်သော ဝတ္တုပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ ၃ ဖြင့် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုမှာ စုစုပေါင်း လေးဦးတရားစွဲဆိုခံထားရခြင်းဖြစ်ပြီး စိုးမင်းဇော်နှင့်ကျော်သူတို့မှာ အမိန့်ချသည့်နေ့တွင် အမှုမှ အပြစ်မထင်ရှားသဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ (၂၈၅) (၁) အရ အပြီးသတ်လွတ်မြောက်ခဲ့သည်။

ထို့ပြင် မောင်ရွှေအား ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် မရမ်းကုန်းမြို့နယ် ocean shopping center မြေညီထပ် အများသုံးအိမ်သာအတွင်းရှိ အမှိုက်ပုံးအတွင်းနှင့် ကားပါကင်အနီးတွင် M-150 အချိုရည်ပုလင်းအား အသုံးပြုပြီး ပေါက်ကွဲမှုအတွက် အနောက်ပိုင်း ခရိုင်တရားရုံးမှ ဧပြီ ၂၅ ရက်တွင် ပေါက်ကွဲစေတက်သောဝတ္တုပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ ၃ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ထပ်မံချမှတ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၆ နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး စင်္ကြန်အနီးနှင့် အပေါ်နှင့်အောက်သွယ်တန်းထားသည့် ရေပိုက်အနီတွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး အဆိုပါနေရာအနီး၌ မပေါက်ကွဲသေးသည့် M-150 အချိုရည်ပုလင်းကို သက်ဆိုင်ရာရဲတပ်ဖွဲ့မှ တွေ့ရှိသဖြင့် ကျူးလွန်သူများအား ဖမ်းဆီးခဲ့သည်။

သီဟအောင်
Eleven Media Group

0 comments:

Post a Comment