Wednesday, April 25, 2018

အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ ဖြည့်စွက်ခန့်ထား


နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၂၀/၂၀၁၈ ကို ဧပြီလ ၂၅ ရက်စွဲဖြင့် အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များ ဖြည့်စွက် ခန့်ထားကြောင်း အမိန့်ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ အဖွဲ့ဝင်များ ထပ်မံဖြည့်စွက်မှုတွင် -
ဦးစိန်သန်း၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ ဦးညွန့်တင် သံအမတ်ကြီး (ငြိမ်း) နှင့် ဒေါက်တာဒေါ်တင်မေထွန်း၊ ပါမောက္ခ(ငြိမ်း)၊ အဝေးသင်တက္ကသိုလ် (ရန်ကုန်) တို့ကို အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များအဖြစ် ထပ်မံဖြည့်စွက် ခန့်ထားလိုက်ခြင်း ဖြစ်သည်။

Credit - Myanmar President Office
The Ladies News

0 comments:

Post a Comment