Wednesday, April 25, 2018

ထိန်ပင်အမှိုက်ပုံအနီးရပ်ကွက်မှ အမျိုးသမီး သေဆုံးရခြင်းသည် ကာဗွန်မိုနောက်ဆိုက်ကြောင့် မဟုတ်ဘဲ နာတာရှည်ရောဂါအခံကြောင့်ဟုဆို


လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံအနီး မီးခိုးညှော် သင့်ခံရသည့် (၂၀) ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦး သေဆုံးရခြင်းသည် ကာဗွန်မို နောက်ဆိုက်ကြောင့်မဟုတ်ဘဲ ယခင် နာတာရှည်ရောဂါအခံ ကြောင့် သေဆုံးရခြင်းဖြစ် ကြောင်း ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန၊ ကုသရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှက ယမန်နေ့တွင်ပြောသည်။

အဆိုပါအမျိုးသမီးသည် ဧပြီ ၂၅ရက်တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

‘‘သေဆုံးလူနာက အရင် ကတည်းက နှလုံးရော၊ အဆုတ် ရောနာတာရှည်ရောဂါအခံရှိတဲ့ အတွက် အင်းစိန်ဆေးရုံကြီးမှာ ဆေးကုသမှု မကြာခဏခံယူနေရ တယ်လို့ သိရပါတယ်။ မီးခိုးရှူလို့  ကာဗွန်မိုနောက်ဆိုက်ကြောင့် သေတာမဟုတ်ဘဲ နဂိုရောဂါအခံ ကြောင့် သေဆုံးရခြင်းဖြစ်ပါ တယ်’’ ဟု ၎င်းကပြောသည်။

အဆုတ်၊ နှလုံးကောင်းသူ များ အသက်အန္တရာယ် ထိခိုက် မည်ကို မစိုးရိမ်ရသော်လည်း ရောဂါအခံရှိသူများကို စောစော စီးစီးရွေးထုတ်ထားရန် လိုအပ် ကြောင်း ဒေါက်တာသီတာလှက ဆိုသည်။

သေဆုံးသူသည် အသက် (၆၀)နှစ်ရှိ ဒေါ်ခင်နှင်းနွယ်ဖြစ်ပြီး ပန်းနာရင်ကျပ်နှင့် နှလုံးကြီး သည့် ရောဂါအခံရှိကြောင်း၊ မဆုံးပါးမီရက်ပိုင်းက နေအိမ်တွင်  အောက်ဆီဂျင်ရှူကာ ဆေးကုသ မှုခံယူနေသူဖြစ်ပြီး ဆေးရုံသို့ လာရောက်ပြသခြင်း မရှိသူဖြစ် ကြောင်း လှိုင်သာယာဆေးရုံမှ ဆေးရုံအုပ်ကြီး  ဒေါက်တာဆန်း လင်းဦးက ပြောသည်။

ထိန်ပင်သုသာန်အနီးရှိ ဧက ၃၀၀ ကျယ်ဝန်းသော အမှိုက်ပုံ ကြီးသည် ဧပြီ ၂၁ရက်တွင် မီးစ တင်လောင်ကျွမ်းပြီး လက်ရှိ ၌ငါးရက်ဆက်တိုက် ရှိလာပြီ ဖြစ်သည်။ အဆိုပါအမှိုက်ပုံမှ မီး ခိုးငွေ့ကြောင့် အမှိုက်ပုံအနီး(၂၀) ရပ်ကွက်နေသူများ အသက်ရှူမ၀ ဖြစ်ကာ မူးမေ့လဲသူအချို့ရှိ ကြောင်း၊ (၂၀)ရပ်ကွက်အတွင်း ကျန်းမာရေးဌာန ဖွင့်ပေးထား ကြောင်း အဆိုပါရပ်ကွက်အုပ် ချုပ်ရေးမှူး ဦးဇော်ဦးက ပြော သည်။

အသက်ရှူကျပ်မူးမော်၍ အ ဆိုပါကျန်းမာရေးဌာနသို့ ရောက် ရှိလာသူသုံးရက် အတွင်း ၈၀ဦး ခန့်ရှိကြောင်း၊ ဧပြီ ၂၅ရက်တွင် ကျန်းမာရေးဌာနသို့ လာရောက်ပြ သူ ၁၂ ဦး ရှိကြောင်း၊ သုံးဦးကို လှိုင်သာယာဆေးရုံသို့ လွှဲပြောင်း ထားကြောင်း ၎င်းကပြောသည်။

‘‘အရေးပေါ် လူနာတင်ကား တွေလည်းအဆင်သင့်ရှိပြီး ဆေး ရုံကိုပို့ပေးနေပါတယ်’’ ဟု ဦး ဇော်ဦးက ပြောသည်။

အမှိုက်ပုံမှ မီးခိုးညှော်နံ့ ကြောင့် လှိုင်သာယာဆေးရုံကြီး  သို့ အတွင်းလူနာအဖြစ် တက် ရောက်ကုသသူ၁၅ဦးရှိပြီး သုံးဦး သည်ဆေးရုံမှ ဆင်းသွားကြောင်း၊  တစ်ဦးသည် ယခင်အဆုတ်ရော ဂါအခံရှိခြင်းကြောင့် ရန်ကုန်ဆေး ရုံကြီးသို့ လွှဲပြောင်းပေးထား ကြောင်း ဒေါက်တာဆန်းလင်းဦး က ပြောသည်။

လက်ရှိတွင် လှိုင်သာယာ ဆေးရုံ၌ လူနာ ၁၁ ဦး ဆေးကုသမှု ခံယူနေပြီး အမျိုးသားလေးဦး၊ အ မျိုးသမီး ခုနစ်ဦးဖြစ်ကြောင်း၊ ယင်း ၁၁ ဦးတွင် ကလေးနှစ်ဦးပါ ၀င်ကြောင်း ၎င်းကပြောသည်။

ထို့အပြင် မီးလောင် နေဆဲ ဖြစ်သည့် လှိုင်သာယာမြို့နယ်  ထိန်ပင်အမှိုက်ပုံအနီးရှိ ရပ်ကွက် နှင့်ကျေးရွာများမှ သက်ကြီးရွယ် အိုများနှင့် ကလေးသူငယ်များကို မီးခိုးငွေ့များနှင့် လွတ်ကင်းရာ တွင် ကယ်ဆယ်ရေးစခန်းပြုလုပ် ၍ထားရှိမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးအေးဗိုလ် က ပြောသည်။

အဆိုပါ အမှိုက်ပုံနှင့် အနီး ဆုံးတွင် (၁၈)ရပ်ကွက်၊(၂၀)ရပ် ကွက်၊ ကျုံစုကျေးရွာ၊ အလယ် ရွာကျေးရွာ၊ ရွှေလင်ဗန်း ကျေး ရွာတို့ရှိပြီး ယင်းနေရာများရှိသက် ကြီးရွယ်အိုများ၊ ကလေးငယ်များ နှင့် ရောဂါအခံရှိသူများကို စာ ရင်းကောက်ယူနေကြောင်း၊ကယ် ဆယ်ရေးစခန်း ဖွင့်လှစ်ရန် လှိုင်သာယာမြို့နယ် အတွင်းရှိ လေထုညစ်ညမ်းမှု အနည်းဆုံး နေရာကို လေထုတိုင်းတာရေး စက်ကြီးများဖြင့် တိုင်းတာပြီး နေရာရှာဖွေနေကြောင်း ဦးအေး ဗိုလ်က ပြောသည်။

လှိုင်သာယာ ဆေးရုံကြီးအ တွက်လိုအပ်သည့် အောက်ဆီ ဂျင်များရရှိရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစီအ စဉ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် များနှင့် အလှူရှင်များက လှူဒါန်း ထားပြီး ဖြစ်ကြောင်း ဒေါက်တာ သီတာလှက ပြောကြားသည်။

ထို့အပြင် ကာဗွန်မိုနောက် ဆိုက်ရှူမိသူများအား သွေးစစ် ဆေးနိုင်သည့် စက်ကြီးကိုအလုံ မြို့ နယ်မှတစ်ဆင့် လှိုင်သာယာ ဆေး​ရုံကြီးသို့ ရွှေ့ပြောင်းထား ရှိပြီး (၂၀) ရပ်ကွက်တွင်လည်း လေထုညစ် ညမ်းမှုတိုင်းတာသည့် စက်ကိုဧပြီ ၂၅ရက်ည၌ တပ်ဆင် ပြီးအခြေအနေကို စောင့်ကြည့် မည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

7Day

0 comments:

Post a Comment