Wednesday, April 25, 2018

လှိုင်သာယာအမှိုက်ပုံမီးငြှိမ်းရန် ထိုင်းမှ Bio Foam ဓာတုဆေးရည်များဝယ်ယူထား ပြည်သူများအဆင်ပြေအောင် ၀န်ဆောင်မှုပေးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ညွှန်ကြား


လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံမီးလောင်နေခြင်းနှင့် မီးခိုးငွေ့ထွက်ရှိခြင်းတို့ကို ခုနစ်ရက်အတွင်း ပြီးပြတ်အောင် ဆောင် ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြော ကြားသည်။

အမှိုက်ပုံမီးလောင်မှုကိုထိန်းချုပ်နိုင်ရန် Bio Foam ဓာတုဆေးရည် များ ဖျန်းခဲ့သော်လည်း ဆေးရည်အလုံအလောက် မရှိခြင်းကြောင့် လိုအပ်သည့်ပမာဏကို အသုံးမပြုနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

လိုအပ်သည့် Bio Foam ဆေးရည်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထိုင်းနိုင်ငံမှ ဝယ်ယူထားပြီး ဧပြီ ၂၆ ရက်(ယနေ့)တွင် ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘အဲဒီဆေးက ဖျန်းလိုက်ရင် သူက အောက်ဆီဂျင်ကို ဖြတ်လိုက် တယ်။ အောက်ဆီဂျင်ဖြတ်လိုက်ရင် မီးဆက်မလောင်တော့ဘူး။ မီးခိုးလည်းမထွက်တော့ဘူး။ ပြန်လည်း မီးထမတောက်တော့ဘူး။ ဟိုဘက်ခြမ်းကို လုပ်လိုက်တော့အောင်မြင်တယ်’’ဟု ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုးက ရှင်းပြသည်။

အဆိုပါ Bio Foam မှာ ဂျပန်နှင့် ပြင်သစ်နိုင်ငံတွင် အသုံးပြုနေပြီး မီးသတ်ဌာန၏ခန့်မှန်းတွက်ချက်မှုအရ ထိန်ပင်အမှိုက်ပုံမီးကို ထိန်ပင်အမှိုက်ပုံမီးကို အပြီးငြှိမ်းသတ်နိုင်ရန် Bio Foam ဂါလန် ၅,၀၀၀ ခန့် လိုအပ်နေသည်။ သို့

သော် ထိုင်းနိုင်ငံမှ မှာယူရာတွင် ဂါလန် ၄,၀၀၀ သာ ၀ယ်ယူရရှိမည်ဟုအကြောင်းပြန်ထားပြီး ဂါလန် ၁,၈၀၀ ကို ပထမ အသုတ်လက်ခံရရှိမည်ဟု ဦးမောင်မောင်စိုးက ပြောသည်။

အဆိုပါ အမှိုက်ပုံမီးလောင် မှုနှင့်ပတ်သက်၍ ပြည်သူများကို ဝန်ဆောင်မှု ကောင်းကောင်းပေး ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွန်ကြားထားကြောင်း ဝန်ကြီး ချုပ်က ဆက်လက်ပြောသည်။

‘‘သဘာဝ ဘေးအန္တရာယ် ဖြစ်တဲ့အတွက် ဘတ်ဂျက်အား ဖြင့် သုံးစွဲနိုင်တဲ့အနေအထားရှိပါ တယ်။ ပြည်သူတွေကို ဝန်ဆောင် မှုကောင်းကောင်းပေးဖို့ နိုင်ငံ တော် အတိုင်ပင်ခံကြီးကလည်း ပြောကြားထားတယ်။ ခုနစ်ရက် အတွင်း ဒီကိစ္စကိုအပြီးအပြတ် ဆောင်ရွက်နိုင်ဖို့အတွက် ကြိုး စားသွားမှာဖြစ်ပါတယ်။ အနာ ဂတ်အတွက်လည်း ပြင်ဆင်ပါ မယ်။ ထားဝယ်ချောင်အမှိုက်ပုံ ကိုလည်း ဒီလိုမီးလောင်မှုမျိုးမဖြစ် အောင် ဆောင်ရွက်နေပါတယ်’’ ဟု ဦးဖြိုးမင်းသိန်းကပြောသည်။

ဧပြီ ၂၅ ရက်တွင် လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီး ဌာန၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး ခဲ့သည်။

ထိန်ပင်အမှိုက်ပုံသည် ဧပြီ ၂၁ ရက်က စတင်မီးလောင်ကျွမ်း ခဲ့ပြီး  ၂၅ ရက်တွင် ငါးရက်မြောက် ရှိပြီဖြစ်ကာ ယင်းနေ့တွင်ရန်ကုန် တိုင်းဝန်ကြီးချုပ်ကိုယ်တိုင် လှိုင် သာယာမြို့နယ်သို့ သွားရောက် ၍ မီးလောင်သည့်နေရာသို့ ကွင်းဆင်းစစ်ဆေးခြင်း ဖြစ်သည်။

လက်ရှိတွင် ထိန်ပင်အမှိုက် ပုံမီးလောင်ကျွမ်းမှုကို ၈၀ ရာခိုင် နှုန်းခန့် ထိန်းသိမ်းထားနိုင်ပြီဟု ၀န်ကြီးချုပ်ကဆိုသည်။

ထို့ပြင် လေထုအခြေအနေ သုံးသပ်မှု သတင်းအချက်အလက် များအရ ပြည်သူများပြောင်းရွှေ့ ရန်လိုအပ်ပါက ကျန်းမာရေးဝန် ကြီးဌာနက ထုတ်ပြန်ကြေညာပေး ရမည်ဖြစ်ပြီး ပြည်သူများရွှေ့ ပြောင်းနေထိုင်နိုင်ရန် ပြင်ဆင် ရမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်ဦး ဖြိုးမင်းသိန်းက ပြောကြားသည်။

အဆိုပါ မီးလောင်ကျွမ်းမှု နှင့်ပတ်သက်၍ တုံ့ပြန်ကိုင်တွယ် မှုနှင့် ပွင့်လင်းမြင်သာစွာ သတင်း ထုတ်ပြန်မှု နှောင့်နှေးခဲ့သည်ဆို ကာ တိုင်းဒေသကြီးအစိုးရနှင့် ၀န် ကြီးချုပ်ဦးဖြိုးမင်းသိန်းအပေါ် ဝေ ဖန်မှုများရှိခဲ့သည်။

‘‘ပြည်သူတွေရဲ့ စိုးရိမ်စိတ် တွေ လျော့ပါးသွားအောင် အ ချိန်မီ ပြန်ကြားချက်တွေ ထုတ် ပေးစေချင်တယ်။ အဲဒါနဲ့ပတ် သက်လို့လည်း လွှတ်တော်ဥက္ကဋ္ဌ ဆီကတစ်ဆင့် သက်ဆိုင်ရာဌာန တွေကို စာပို့ဖို့တင်ပြထားတယ်’’ ဟု မီးလောင်ရာ နေရာသို့ ကွင်း ဆင်းလေ့လာခဲ့သည့် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်လူမှု ရေးနှင့် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးသာအောင်က ပြော သည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အနေဖြင့် မီးဘေးနှင့် သဘာဝဘေးအန္တရာယ် ကာ ကွယ်ရေး ဥပဒေကို အတည်ပြု ထားပြီးဖြစ်ရာ ယင်းဥပဒေပြဋ္ဌာန်း ချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရေးနှင့် ထိန်ပင် အမှိုက်ပုံမီးလောင်မှုကဲ့သို့ ဖြစ် စဉ်များ ထပ်မံမပေါ်ပေါက်လာ စေရေး ဆွေးနွေးရန် အရေးပေါ်  အစည်းအဝေး တစ်ရပ်ကိုလည်း အဆိုပါ ကော်မတီက ဦးဆောင်၍ ဧပြီ ၂၇ ရက်တွင် ပြုလုပ်မည်ဖြစ် ကြောင်း ၎င်းကပြောသည်။

မီးလောင်မှုဖြစ်ပွားရာ ထိန် ပင်အမှိုက်ပုံသို့ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး ချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအ ဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ တိုင်းလွှတ်တော် ကိုယ်စားလှယ် များ လာရောက်ကွင်းဆင်း လေ့ လာခဲ့သည်။

ထို့ပြင် မီးငြှိမ်းသတ်ရေးအ တွက် တိုင်းစစ်ဌာနချုပ် ကွပ်ကဲ မှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များမှ  ရေသယ်ယာဉ် ခုနစ်စီး၊ အရာရှိ စစ်သည် ၁၅၀ ဦးက ဧပြီ ၂၄ ရက် ကစတင်ကာ ကူညီဆောင်ရွက် နေကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်သည်။ လှိုင်သာယာ  ထိန်ပင်အမှိုက်ပုံသည် ဧပြီ ၂၁ ရက် နံနက် ၂ နာရီကျော်က စတင်လောင်ကျွမ်းပြီး ဧပြီ ၂၅ ရက်ညအထိ မီးဆက်လက် လောင်ကျွမ်းနေဆဲ ဖြစ်သည်။ လက်ရှိတွင် မီးလောင်မှုကို မီး သတ်တပ်ဖွဲ့ဝင်များနှင့် တပ်မ တော်၊ လူမှုအဖွဲ့အစည်းများမှ  ကူညီသည့် ယာဉ်များအပါအ၀င် စုစုပေါင်း ယာဉ် ၇၃ စီးဖြင့် ငြှိမ်းသတ်နေကြောင်း တိုင်းမီး သတ်ဦးစီးမှူး ဦးမျိုးဝင်းကပြော သည်။

‘‘အထက်ကတော့ မီးအမြန် ဆုံးငြိမ်းဖို့ဆိုပြီးတော့ ညွှန်ကြား ထားပါတယ်။ ဒါကြောင့်လည်း နေ့မအား၊ ညမအား နေ့ရော၊ ည ရော ဆောင်ရွက်နေတာပါ။ အ ခက်အခဲကတော့ စိတ်ရှည်ရှည် ထားပြီးတော့ ငြှိမ်းရတာပေါ့။ ဒုက္ခပေးတာက အငွေ့၊ မီး တောက်ကတော့ ပြဿနာမရှိ ဘူး။ ရေနဲ့ဖျန်းလိုက်ရင် ငြိမ်းသွား တာ။ အပြီးသတ်ဖို့က အချိန်လေး နည်းနည်းတော့ စောင့်ရမယ်။ ကျွန်တော်တို့ကတော့ မြန်မြန် ငြိမ်းစေချင်တာပေါ့ဗျာ။ မြန်မြန် ငြိမ်းရင် ကျွန်တော်တို့ မြန်မြန် နားရတာပေါ့’’ဟု ဦးမျိုးဝင်းက ပြောသည်။

ထိန်ပင်အမှိုက်ပုံ မီးလောင် မှုကို ငြှိမ်းသတ်နေသည့် မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန် ထမ်းများအတွက် ရေသန့်၊ အစား အသောက်၊ ဆေးဝါးနှင့် အခြား  ပစ္စည်းများ လာရောက်လှူဒါန်းမှု သည် ယမန်နေ့တွင် ယခင်ရက် များထက် နှစ်ဆခန့် မြင့်တက်လာ ကြောင်း အင်းစိန်မြို့နယ် ကြက် ခြေနီတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူး ဦးဝင်း နိုင်ဦးက ပြောသည်။

‘‘ရေသန့်နဲ့ အစားအသောက် ကတော့ တော်တော်များများလာ လှူကြတယ်။ ရေသန့်က လုံ လောက်နေပြီလို့ ပြောလို့ရတယ်။ အခြေခံ ဆေးဝါးလေးတွေလည်း  လှူကြတယ်။ လိုအပ်တာက တော့ နေ့ဘက်မှာ တအားပူထား တော့ ညဘက်ဝတ်ဖို့ စွပ်ကျယ် လေးတွေ၊ ခြင်ဆေးလိမ်းရည် လေးတွေလိုတယ်’’ ဟု ၎င်းက ပြောသည်။

7Day

0 comments:

Post a Comment