Tuesday, April 10, 2018

ကျောင်းဆရာဖြစ်ချင်သည့် ကလေးငယ်များကို ပြုစုပျိုးထောင်ပေးရန် အတိုင်ပင်ခံပုဂ္ဂိုလ် အားပေးပြောကြား


ကျောင်းဆရာ အမျိုးသားများ ရှားပါးလာသောကြောင့် မိသားစုအတွင်း ကျောင်းဆရာဖြစ်ချင်သည့် ကလေးငယ်များကို နိုင်ငံတော်အတိုင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။ 

ဧပြီ ၁၀ ရက် က မြောင်းမြ မြို့ တွင် ကျင်းပသည့် ငြိမ်းချမ်းရေးစကားဝိုင်း၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

’’ကျွန်မတို့ငယ်ငယ်တုန်းက သင်ရတယ်။ 'ဆ' ဆရာကြီး ခေါင်းလောင်းတီးဆိုပြီးတော့။ အခုတော့ ဘယ်လိုဆိုလဲမသိဘူး။ ဆရာတွေ နည်းသွားပြီး အမျိုးသမီးတွေက များနေတော့။ အဲဒီတော့ ကိုယ်မိသားစုမှာ ကျောင်းဆရာဖြစ်ချင်တယ်လို့ ပြောလာတဲ့ ကလေးကို ငယ်ငယ်လေးကတည်းက ပြုစုပေးပါ။ ပျိုးထောင်ပေးပါ’’ဟု အတိုင်ပင်ခံ က ဆိုသည်။

အမျိုးသားကျောင်းဆရာဆိုသည်မှာ အင်မတန်မှ ဂုဏ်သိက္ခာရှိပြီး နောင်လာနောင်သားများအတွက်လည်း စံပြ ပုဂ္ဂိုလ် ဖြစ်ကြောင်း၊ ကျောင်းဆရာကဏ္ဍကို လျော့မတွက်စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

လက်ရှိတွင် အခြေခံပညာကျောင်းများတွင် အမျိုးသားများမှာ ကျောင်းအုပ်ကြီးရာထူးတွင် ရှိကြပြီး အမျိုးသမီး အများစုမှာ ကျောင်းဆရာများအဖြစ်ရှိနေကာ ဆရာအချို့သာ ကာယ ဆရာ၊သမိုင်းဆရာအဖြစ် သင်ကြားခြင်းများရှိသည်။

မင်းသီဟန်
AKonThi

0 comments:

Post a Comment