Saturday, April 14, 2018

မန္တလေးသင်္ကြန် လည်ပတ်သူများထံမှ အန္တရာယ်ရှိ လက်နက်ပစ္စည်းများ ရှာဖွေ


မန္တ​လေး၊ မဟာ​အောင်​​မြေမြို့နယ်​မှာ သင်္ကြန်လည်ပတ်သူတွေဆီက အန္တရာယ်ရှိတဲ့ လက်နက် ပစ္စည်းတွေကို ရဲတပ်ဖွဲ့က ပိတ်​ဆို့ရှာဖွေနေပါတယ်။

၁၃၇၉ ခုနှစ်​ မန္တ​လေးသင်္ကြန်​ပွဲ​တော်​ကို အနယ်​​နယ်​အရပ်​ရပ်​က လာ​ရောက်​ပြီး​ ​ပျော်​ရွှင်​ကြသူ​တွေ ​ဘေးကင်းလုံခြုံ​စေဖို့ ​ရေပက်​ခံကားတွေကို ပိတ်​ဆို့ရှာဖွေရတာလို့ မဟာ​အောင်​​မြေမြို့်​နယ်​ ရဲတပ်ဖွဲ့မှူး တင်​ထွန်း​အောင်​က​ပြောပါတယ်​။

အခုလို ပိတ်​ဆို့ရှာ​ဖွေရာမှာ ၆၂ လမ်း၊ ၄၂ လမ်းနဲ့ မ​နော်​ရမ္မံပန်းခြံ​ရှေ့မှာ တုတ်​၊ ဓား၊ လက်နက်တွေကို မဟာ​အောင်​​မြေမြို့နယ် ရဲတပ်ဖွဲ့ တာဝန်​ရှိသူတွေ၊ ယာဉ်​ထိန်းဌာနက ဒုရဲမှူး မျိုးလွင်​၊ မဟာ​အောင်​​မြေမြို့နယ်​ အုပ်​ချုပ်​​ရေးမှူးနဲ့ မီးသတ်​တပ်​ဖွဲ့​ဝင်တွေ ပူး​ပေါင်း ပိတ်​ဆို့ရှာ​ဖွေကြတာပါ။

ရှာဖွေသိမ်းဆည်းရမိတဲ့ မျက်​နှာဖုံး​တွေ၊ သစ်သားချောင်း​တွေ၊  ဘီယာဖန်​ပုလင်း​တွေ၊ ဝက်အူလှည့်အရှည်တွေကို သိမ်းဆည်းရရှိပြီး တပ်​ဖွဲ့သုံး အီ​ကွေ့မန့်​​တွေကို​တော့ ​လော​လောဆယ် သိမ်းဆည်းထားပြီး သင်္ကြန်ြ​ပီးရင်​ လာ​ရောက်​ပြန်​ယူနိုင်​တယ်​လို့ မဟာ​အောင်​​မြေမြို့်​နယ်​ ရဲတပ်ဖွဲ့မှူး တင်​ထွန်း​အောင်​က​ပြောပါတယ်​။

ဧပြီလ ၁၃ ရက်​​နေ့ကစတင်​ပြီး ​ပြင်​ဦးလွင်​- မန္တ​လေးကားလမ်းက ၁၆ ဂိတ်​၊ မန္တ​လေး-  စစ်​ကိုင်းလမ်းက အမရပူရဂိတ်​၊ မန္တ​လေး- မတ္တရာကားလမ်းက​ ​ရွှေကျင်​ဂိတ်​​တွေနဲ့အတူ မန္တ​လေးမြို့တွင်း ၁၄ ​နေရာကိုလည်း သင်္ကြန်​​နောက်​ဆုံး​နေ့အထိ ပိတ်​ဆို့ရှာဖွေသွားမယ်လို့ သိရပါတယ်။





သတင်းနှင့်ဓာတ်ပုံ – အောင်အောင်နိုင်
DVB

0 comments:

Post a Comment