Tuesday, April 10, 2018

ဂျာမန်လေကြောင်းလိုင်းဝန်ထမ်းများ သပိတ်မှောက်၊ ဥရောပတစ်ခွင် ခရီးစဉ် ၈၀၀ ရပ်ဆိုင်း


ဂျာမနီလေကြောင်းလိုင်း Lufthansa ၏ ဝန်ထမ်းများ သပိတ်မှောက်နေကြခြင်းကြောင့် လေယာဉ်ခရီးစဉ် ၈၀၀ ခန့်ရပ်ဆိုင်းထားရကြောင်း သတင်းများက ဖော်ပြထားသည်။

ခရီးသည်ပေါင်း ၉သောင်းခန့်၏ ခရီးစဉ်များ ထိခိုက်ခဲ့ရသည်ဟု သတင်းများက ဆိုသည်။

လုပ်ခလစာနှင့်ပတ်သက်၍ အဆင်မပြေသဖြင့် ဂျာမနီရှိ ဝန်ထမ်းများ အလုပ်မဆင်းဘဲနေကြရာ၊ ပြင်သစ်တွင်လည်း အလားတူဖြစ်နေသည်။ 
ပြင်သစ်လေကြောင်းလိုင်း Air France သည်လည်း အလားတူ အခြေအနေမျိုး ကြုံရဖွယ်ရှိနေသည်။

ဂျာမနီရှိလေဆိပ်ပေါင်းစုံမှ အောက်ခြေဝန်ထမ်းများ မြေပြင်အခြေအနေ ကိုင်တွယ်ရသူများက သပိတ်မှောက်ကြခြင်း ဖြစ်ပေသည်။

The Voice

0 comments:

Post a Comment