Sunday, August 12, 2018

"ရန်ကုန်အပါအဝင် ဒေသအချို့ ထူးကဲဒီရေတက်၍ နောက်နှစ်ရက်အထိ သတိထားရန် မိုးဇလပြော"

ထူးကဲဒီရေသတိပေး ချက်ထုတ်ပြန်ထားသည့်ရန်ကုန် မြို့တွင် ယမန်နေ့(ဩဂုတ် ၁၂ ရက်) ညနေ ၄ နာရီခန့်ကစကာ ရန်ကုန်ဆိပ်ကမ်းနေရာအချို့အပါအ၀င် မြစ်ကမ်းဘေးမြို့နယ် များရေတက်ခဲ့သည်။
‘‘ရေကကြည့်ရင်းနဲ့တက်လာတာ။ အိမ်အောက်ထပ်တွေ ရေ၀င်ကုန်လို့ ဒုက္ခရောက်ကုန်တယ်’’ ဟု ဒေါပုံမြို့နယ်ငမိုးရိပ် ချောင်းဘေးရှိ ဗမာအေးရပ်ကွက် နေသူတစ်ဦးကပြောသည်။ ရန်ကုန်မြစ်ရေသည် ဩ ဂုတ် ၁၀ ရက်မှ ၁၆ ရက်အတွင်း ထူးကဲဒီရေတက်လာနိုင်ပြီး ယင်း အချိန်မိုးရွာပါက အနိမ့်ပိုင်းနေရာ များ ရေကြီးရေလျှံဖြစ်နိုင်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက သတိပေးချက် ထုတ်ပြန်ထားသည်။ ‘‘ထူးကဲဒီရေသတိပေးချက် ကို ဆိပ်ကမ်းအာဏာပိုင်ကသတိ ပေးထားတယ်။ မိုးကလည်း ရွာ တော့ ဒီရေတိုးတာကို နောက်နှစ် ရက်ခန့်အထိ သတိပြုဖို့လိုတယ်’’ ဟု မိုးလေ၀သနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ဒေါက်တာကျော်မိုးဦးကပြော သည်။ ဒီရေတက်၍ ရန်ကုန်မြစ်နှင့် ငမိုးရိပ်ချောင်းဘေးရှိရပ်ကွက်အ ချို့ရေ၀င်သော်လည်း ကယ်ဆယ် ရေးစခန်းဖွင့်လှစ်ရသေးခြင်းမရှိ ဘဲ အခက်အခဲကြုံတွေ့နေသူများ ကို အရပ်ဘက်အဖွဲ့များနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများက အကူ အညီပေးနေသည်ဟု ရန်ကုန် တိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီး မှူး၊ ညွှန်ကြားရေးမှူးဦးဝင်းရွှေက ဆိုသည်။ ပင်လယ်ဒီရေသည် ညနေ ၅ နာရီခန့်တွင် တစ်ပေကျော်မြင့် တက်လာပြီး နာရီဝက်ခန့်အကြာ၌ နှစ်ပေခွဲခန့်အထိမြင့်တက် လာ၍ မြေညီထပ်တွင် နေထိုင်သူများ ပစ္စည်းသိမ်းချိန်မရဘဲ အငိုက် မိခဲ့သည်။ ‘‘ဒူးခေါင်းလောက်ကနေ ပေါင်လယ်လောက်အထိ တက် လာလို့ ဈေးဆိုင်တွေဆို သိမ်းချိန် မရလိုက်ဘူး။ ရေမော်တာတွေ လည်း အကုန်မြုပ်ကုန်တယ်’’ ဟု သာကေတမြို့ခံတစ်ဦးကပြော သည်။ ညနေ ၆ နာရီခန့်တွင် ရေ အနည်းငယ်ပြန်ကျသော်လည်း မြို့နယ်အချို့ရေ၀င်နစ်မြုပ်နေ ဆဲဖြစ်သည်။ ရန်ကုန်မြို့တော်ဝန် ဦး မောင်မောင်စိုးက ရေ၀င်နစ်မြုပ် သည့်နေရာအချို့ကို လိုက်လံ ကြည့်ရှုခဲ့သည်။ မြို့တော်ဝန်က ၎င်းလိုက်လံကြည့်ရှုခဲ့သည်ကို လူမှုကွန်ရက်တွင်ဖော်ပြခဲ့ရာ မြို့ တွင်းရေမြောင်းများ စနစ်တကျ ပြုလုပ်ပေးရန် မှတ်ချက်ပြုတိုက် တွန်းကြသည်။ ဒီရေသည် ပုဇွန်တောင်၊ ဒေါပုံ၊ သာကေတ၊ ဗိုလ်တ ထောင်နှင့်ဒဂုံဆိပ်ကမ်းမြို့နယ် တို့တွင် အများဆုံးဝင်ရောက်ခဲ့ သည်။ လှိုင်သာယာနှင့် ရွှေပြည် သာမြို့နယ်ရှိ လှိုင်မြစ်ဘေးရပ် ကွက်အချို့ ရေ၀င်ရောက်နေ သည်။ လှိုင်သာယာမြို့နယ်တွင် သာယာကုန်း၊ ကစင်ကျေးရွာ၊ (၁/၁၀)နှင့်အမှတ်(၂၀) ရပ်ကွက် တို့၌ ရေပေ၀က်ခန့်မြင့်တက် လာသည်ဟု ဩဂုတ် ၁၂ ရက်ည ၇ နာရီခန့်အခြေအနေကို ဒေသခံ များက သတင်းပို့သည်။ လက်ရှိကာလသည် ပင် လယ်ဒီရေမြင့်တက်နေချိန်ဖြစ်၍ ပင်လယ်နှင့်ဆက်စပ်နေသည့် မြစ်ချောင်းများရှိသော ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတွင်လည်း ရေအနည်း ငယ်ပြန်တက်လာသည်။ သံလွင် မြစ်ရေအနည်းငယ်မြင့်တက်လာ ၍ ဘားအံမြို့ပေါ်ရပ်ကွက်အချို့ ရေ၀င်ပြီး ကယ်ဆယ်ရေးစခန်း ၂၀ ထပ်မံဖွင့်ခဲ့ရသည်ဟု ကရင် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး၊ ညွှန်ကြားရေးမှူးဦးလင်းထွဋ်က ပြောသည်။ မွန်ပြည်နယ် မော်လမြိုင်မြို့ တွင် သံလွင်မြစ်ရေအနည်းငယ် မြင့်တက်လာသော်လည်း နာရီ ပိုင်းအကြာ၌ ပြန်ကျခဲ့သည်။ သို့ သော် ဒေသတွင်းမြို့နယ်တစ်ခု ဖြစ်သည့်ပေါင်မြို့တွင် ပင်လယ် ဒီရေတက်လာသောကြောင့် နေ အိမ်အချို့ပျက်စီးပြီး အချို့ကို အချိန်မီဖြိုဖျက်၍ ရွှေ့ပြောင်းခဲ့ရ သည်ဟု ပြည်နယ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှတာဝန်ရှိသူ တစ်ဦးက ပြောသည်။ လက်ရှိ၌ သံလွင်နှင့် စစ် တောင်းမြစ်ရေသည် ဘားအံနှင့် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အ ထက် မြင့်တက်နေပြီး ဧရာဝတီ နှင့်ချင်းတွင်းမြစ်ရေလည်း အ နည်းငယ်မြင့်တက်လာနေသည်။ ထို့ကြောင့် ဩဂုတ်လလက်ကျန် ကာလတွင် ရေဘေးအန္တရာယ် ဆက်လက်သတိပြုနေထိုင်ရန် လိုအပ်နေကြောင်းဘေးအန္တရာယ်စီ မံခန့်ခွဲဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ဒေါက်တာကိုကိုနိုင်က တိုက် တွန်းသည်။ သတင်း-အောင်သစ်လွင်၊သန္တာလှိုင် ဓာတ်ပုံ-စိုင်းဇော် 7Day News Journal

0 comments:

Post a Comment