Thursday, August 16, 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက် ရေးကော်မတီက အပြီးသတ်အစီရင်ခံစာ ပေးအပ်


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက် ရေးကော်မတီက အပြီးသတ်အစီရင်ခံစာကို သြဂုတ်လ ၁၆ ရက်နေ့က ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ထံသို့ H.E. Dr. Surakiart Sathirahai ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့တို့သည် ၁၆-၈-၂၀၁၈ ရက်၊ ၁၄၀၀ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ H.E. Dr. Surakiart Sathirahai နှင့်အတူ အကြံပေးအဖွဲ့ဝင် (၅)ဦးတို့လည်း တက်ရောက်ခဲ့သည်။
ယခု တွေ့ဆုံစဉ် Dr. Surakiart မှ အကြံပေးအဖွဲ့၏ အပြီးသတ် အစီရင်ခံစာကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ပေးအပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံမှုသို့ အကြံပေးအဖွဲ့ဝင်များအပြင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Credit - Ministry of Foreign Affairs Myanmar
The Ladies News

0 comments:

Post a Comment