Wednesday, August 1, 2018

သံလွင်မြစ်ရေ ကျဆင်းချိန် မြေကမ်းပါးပြိုမှု​များ သတိပြုရန်လို



ကရင်ပြည်နယ်၊ ဘားအံမြို့မှာ သံလွင်မြစ်ရေ ဆက်လက်ကျဆင်းနေတဲ့အတွက် မြစ်ကမ်းပါးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ မြစ်​ကမ်းပါးပြိုမှုနဲ့မြေပြိုမှုတွေကို အထူးသတိပြုနေထိုင်ဖို့ ပြည်​နယ်မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ် မိုးလေ၀သနှင့်ဇလဗေဒ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကို က “သံလွင်မြစ်ရေဟာ ဆက်လက်ကျဆင်းနေတယ်။ ဒါပေမယ့် စိုးရိမ်ရေအမှတ် အထက်​မှာပဲ ရှိနေမယ်။ ရေပြန်လည်ကျဆင်းချိန်မှာ မြစ်ကမ်းပါး ပြိုမှုနဲ့မြေပြိုမှုတွေ ပိုမိုဖြစ်တတ်တဲ့အတွက် မြစ်ကမ်းပါးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ သတိထားရမှာဖြစ်​သလို မုတ်သုန်လေ က အား အလွန်ကောင်းနေတဲ့အတွက် ကရင်ပြည်နယ်မှာ နေရာကွက်ပြီး မိုးကြီးနိုင်လို့ တောင်ပေါ်ဒေသတွေမှာ လည်း တောင်ပြို မြေပြိုတာတွေဖြစ်နိုင်တယ်”လို့ ပြောပါတယ်။

ဒီမနက် ၈ နာရီခွဲအချိန် တိုင်ထွာချက်အရ သံလွင်မြစ်ရေဟာ ၉၂၅ စင်တီမီတာကို ပြန်လည်ရောက်ရှိနေပြီး နောက် နှစ်ရက်အတွင်း ၂ ပေခန့် ဆက်လက်ကျဆင်းနိုင်တယ်လို့ ခန့် မှန်းထားပြီး ဘားအံမြို့ရဲ့ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာ အထက်မှာ ဆက်လက်တည်ရှိနေမှာပါ။

ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင် လယ်​​ပြင်မှာ မုတ်သုန်လေအား အလွန်ကောင်းနေတဲ့အတွက် နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့လည်း မိုးဇလ ဌာနက သတင်းထုတ် ထားပါတယ်။

ရဲမင်းခေါင်
DVB

0 comments:

Post a Comment