Thursday, August 16, 2018

စစ်တွေတွင် လုံခြုရေး မကျိုးပေါက်ရန် ရဲအင်အား အလုံးအရင်းဖြင့် ကင်းလှည့်


အကြမ်းဖက်သမားများ ဝင်ရောက်လာနိုင်သည်ဆိုသည့် သတင်းများ ထွက်ပေါ်မှုနှင့် အတူ နယ်မြေ လုံခြုံရေး မကျိုးပေါက်ရန်အတွက် ရခိုင်ပြည်နယ် စစ်တွေမြို့၌ မြို့ပေါ် ရပ်ကွက်များနှင့် ပယ်လယ်ကမ်းခြေတို့တွင် သြဂုတ်လ ၁၆ ရက် ညနေ့ ၈ နာရီ ကျော်အချိန်ခန့်က ရဲတပ်ဖွဲ့ဝင်များ အလုံးအရင်းဖြင့် ကင်းလှည့်ခဲ့ကြသည်။
ယင်းသို့ လုံခြုံရေး တပ်ဖွဲ့ဝင်အင်အားအလုံးအရင်းနှင့် လှည့်ကင်းပတ် စစ်ဆေး ဆေင်ရွက်ရခြင်းမှာ စစ်တွေမြို့နယ်တခုတည်းမဟုတ်ဘဲ ဘူးသီးတောင် ၊ မောင်တော ၊ ရသေ့တောင် စသည့်မြို့ နယ်များတွင်လည်း ယခုရက်ပိုင်းအတောအတွင်း လုံခြုံရေးကိစ္စများကို အထူးသတိပြု ဆောင်ရွက် လုပ်ကိုင်လျှက် ရှိကြောင်း သိရသည်။





သတင်းနှင့် ဓာတ်ပုံ - မင်းအောင်ခိုင်/ဧရာဝတီ

0 comments:

Post a Comment