Tuesday, August 14, 2018

"ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ်အခြေအနေ ၊ လေကြောင်းသဘောတူညီရေး ဆွေးနွေးမည်"



ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဝီနိုင်းသည် သြဂုတ် ၁၄ ရက် နေပြည်တော် ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်၌ နည်းပညာမြင့် ပုစွန်မွေးမြူရေးစီမံကိန်းနှင့်ပတ်သက်၍ နားလည်မှု စာချွန်လွှာတစ်ရပ်နှင့် ထိုင်း- မြန်မာလေကြောင်းဝန်ဆောင်မှု ဆိုင်ရာ သဘောတူညီမှုတစ်ရပ်ကို လက်မှတ်ရေးထိုးမည်ဖြစ် သည်။
၎င်းသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး အားကောင်းစေရန် ရည်ရွယ်သော ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်၏ နဝမအကြိမ် အစည်း အဝေး (JC9) သို့ တက် ရောက်ရန် မြန်မာနိုင်ငံသို့ လာ မည်ဖြစ်သည်။
ယင်းနားလည်မှုစာချွန်လွှာအရ စစ်တွေမြို့တွင် အထူးနည်းလမ်းသုံး ပုစွန်မွေးမြူမှု လက်တွေ့ပြသရေးစင်တာ ပြန်လည်ဆောက်လုပ်ရန် ထိုင်းနိုင်ငံက ရန်ပုံငွေပေးမည်ဖြစ်သည်။ ယင်းနာလည်မှု စာချွန်လွှာသည် ရခိုင်ပြည်နယ်တွင် ရေရှည်ထိန်းသိမ်းနိုင်သော ဖွံ့ဖြိုးမှုများအတွက် ထိုင်းနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်ရေး ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
ဝန်ကြီးဒွန်သည် လုံခြုံရေး၊ နယ်စပ်အရေးနှင့် အလုပ်သမား ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အစီ အစဉ်များ၊ ငွေကြေးခဝါချမှုတိုက် ဖျက်ရေးနှင့် မူးယစ်ဆေးဝါးမှောင် ခိုးကူးခြင်း၊ ပူးပေါင်းဆောင်ရွက် ရေး အခွင့်အလမ်းသစ်များ အပါ အဝင် ကျယ်ပြန့်သောကိစ္စရပ်များ ကို မြန်မာပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်း ပြီးခဲ့သည့်အင်္ဂါ နေ့က ဝန်ကြီးများအဖွဲ့အတည်ပြု ပေးခဲ့သော စာရွက်စာတမ်းတစ်ခု အရ သိရသည်။ ၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံ၏ အမျိုးသားရင်ကြား စေ့ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အပြင် ရခိုင်ပြည်နယ်၏ အ ခြေအနေကို ဆွေးနွေးမည်ဖြစ် သည်။
ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံ မှုများနှင့် ပတ်သက်၍လည်း ကုန် သွယ်ရေးနှင့်ဆိုင်သော အတားအ ဆီးများ ဖော်ထုတ်ပြီး အဆုံးသတ် စေရန်၊ အထူးသဖြင့် နယ်စပ်ဒေ သများတွင် ကုန်သွယ်ရေးနှင့်ရင်း နှီးမြှုပ်နှံမှု တိုးမြှင့်ရေး ၎င်းတို့နှစ် ဦး ဆွေးနွေးမည်ဖြစ်သည်။ ပြီးခဲ့ သည့်နှစ်က သမ္မတဦးဝင်းမြင့်၏ တရားဝင်ထိုင်းနိုင်ငံခရီးစဉ် တွင်း ပြောကြားခဲ့သည့်အတိုင်း လက်ရှိ ကုန်သွယ်မှုအတိုင်းအ တာကို နှစ်ဆတိုးရန် ၎င်းတို့ကတိ များအား နှစ်ဖက်စလုံးကထပ်မံ အတည်ပြုမည်ဟု မျှော်လင့်ရ သည်။
ထိုင်းနိုင်ငံကလက်ခံကျင်းပခဲ့သည့် ထိုင်း- မြန်မာပူးတွဲကော် မရှင်၏ (၈) ကြိမ်မြောက် အစည်း အဝေးကို ၂၀၁၅ ဇူလိုင်က ချင်း မိုင်မြို့တွင် ကျင်းပခဲ့သည်။ လာမည့် အစည်းအဝေးကို လာမည့်နှစ် ထိုင်းနိုင်ငံတွင် ကျင်းပရန် စီစဉ် ထားသည်။
ယင်းတွေ့ဆုံမှုပြီးနောက် ထိုင်း- မြန်မာသံတမန် ဆက်ဆံ ရေး ထူထောင်မှု နှစ် (၇၀) ပြည့် ဂုဏ်ပြုပွဲ ပြုလုပ်မည်ဖြစ်ပြီး ယင်း အခမ်းအနားကို နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်ရန် စီစဉ် ထားသည်။ ဗိုလ်ချုပ်ပရာယွတ်မြန်မာ နိုင်ငံသို့ တရားဝင်ခရီးစဉ်လာ ရောက်ရေး မြန်မာအစိုးရက ထပ်မံဖိတ်ကြားမည်ဟု မျှော်လင့် ကြောင်းလည်း ယင်းစာရွက်စာတမ်းများအရ သိရသည်။ Ref:Bangkokpost
7Day News Journal

0 comments:

Post a Comment