Monday, August 13, 2018

ထူးကဲဒီရေကြောင့် လှိုင်သာယာနှင့် ဒဂုံဆိပ်ကမ်းနေ လူဦးရေ ၆၅၀ ကို ယာယီရွှေ့ပြောင်း

ရန်ကုန်တိုင်း၊ လှိုင်သာယာနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာ ထူးကဲဒီရေတက်တာကြောင့် လူဦးရေ ၆၅၀ လောက်ကို ယာယီရွှေ့ပြောင်းပြီး ဆန်ရိက္ခာ ထောက်ပံ့ပေးထားတယ်လို့ ရန်ကုန်တိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဝင်းရွှေက ဒီဗွီဘီကို ပြောပါတယ်။
ရန်ကုန်မြစ်၊ ပဲခူးမြစ်၊ ငမိုးရိပ်ချောင်း၊ ပုဇွန်တောင်ချောင်းနဲ့ လှိုင်မြစ်ဝန်းကျင်က ရပ်ကွက်တွေမှာ သြဂုတ် ၁၂ ရက်က စပြီး ထူးကဲဒီရေတက်လာတာပါ။ ညွှန်ကြားရေးမှူး ဦးဝင်းရွှေက “လှိုင်သာယာ၊ ၁၀ ရပ်ကွက်မှာ အိမ်ထောင်စု ၆၂ စု၊ လူဦးရေ ၃၀၈ ယောက်၊ ဒဂုံဆိပ်ကမ်း၊ ၉၃ ရပ်ကွက်မှာ မှာက အိမ်ထောင်စု ၉၇ စု လူဦးရေ ၃၄၀ ကို ထောက်ပံ့ပေးထားပါတယ်။ ဆန်ရိက္ခာ ပေးထားတာပါ။ ထူးကဲဒီရေရဲ့ ထုံးစံအတိုင်း နာရီပိုင်းတက်ပြီး ပြန်ကျတာ ဆိုတော့ ကြီးကြီးမားမား ထိခိုက်တာ မရှိပါဘူး”လို့ ပြောပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းနဲ့ သုံးခွမြို့နယ်တွေမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက တာကျိုးပြီး လူနေအိမ်တချို့ ရေထဲ မျောပါသွားတဲ့အတွက် ဒေသခံတွေ ရေဘေးဒုက္ခ ခံစားနေကြရပါတယ်။ DVB

0 comments:

Post a Comment