Thursday, August 16, 2018

နိုင်ငံတော်အတိုင်ပင်ခံ စင်ကာပူနိုင်ငံသို့ ဩဂုတ်လ ၁၉ ရက် သွားမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံသို့ ဩဂုတ်လ ၁၉ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်က ပြောကြားသည်။
အတိုင်ပင်ခံ၏ အဆိုပါခရီးစဉ်သည် သုံးရက်ကြာမြင့်မည်ဖြစ်ပြီး စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့်တွေ့ဆုံခြင်း၊ Singapore Lecture အစီအစဉ်တွင် ဟောပြောပို့ချခြင်း အစီအစဉ်များပါဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ လိုက်ပါမည့် ပြည်ထောင်စုဝန်ကြီးအဆင့်ကိုမူ လတ်တလော ပြောဆိုနိုင်ခြင်းမရှိသေးဘဲ ပါဝင်မည့်ကိုယ်စားလှယ်အဖွဲ့ကို ညှိနှိုင်းနေဆဲသာဖြစ်ကြောင်း ဦးစိုးဟန်က ဆက်လက်ပြောဆိုသည်။

“စင်ကာပူဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ သွားတာဖြစ်တယ်။ အဲဒါကြောင့် ဝန်ကြီးချုပ်နဲ့လည်း တွေ့မှာပါ။ ပြီးတော့ ဝန်ကြီးချုပ် Call တစ်ခုတည်းတင် မဟုတပါဘူး။ တခြားအစီအစဉ်တွေလည်း ရှိပါတယ်။ှSingapore Lecture ပို့ချဖို့ရှိတယ်။ အဲဒီမှာ ဟောပြောဆွေးနွေးဖို့ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် Singapore Lecture ဆွးနွေးပွဲတွင် “Myanmar Democratic Transition, Challenges and Way Forward”ခေါင်းစဉ်ဖြင့် ဩဂုတ်လ ၂၁ ရက်တွင် ဟောပြောဆွေးနွေးမည်ဖြစ်ကြောင်း Singapore Lecture အစီအစဉ်က ထုတ်ပြန်ထားသည်။

အဆိုပါ Singapore Lecture အစီအစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ၄၃ ဦးမြောက် မိန့်ခွန်းပြောကြားသူ ဖြစ်လာမည်ဖြစ်ပြီး နောက်ဆုံးအကြိမ်က ကိုရီးယားသမ္မတ မွန်းဂျေအင်းက နောက်ဆုံးပြောကြားထားသည်။

Singapore Lecture အစီအစဉ်တွင် နာမည်ကျော် ပုဂ္ဂိုလ်များဖြစ်ကြသည့် ဟင်နရီကစ်ဆင်ဂျား၊ အမေရိကန်သမ္မတ ဂျော့ဘုရှ်၊ တောင်အာဖရိကသမ္မတ နယ်ဆင်မန်ဒဲလ်လား၊ တရုတ်သမ္မတ ရှီကျင့်ဖျင် စသည့် ထိပ်သီးပုဂ္ဂိုလ်များ တက်ရောက် ဟောပြောခဲ့ကြသည်။

ဩဂုတ်လဆန်းပိုင်းက စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ခြင်းမရှိဘဲ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်ခဲ့သည်။ 

The Voice

0 comments:

Post a Comment