Sunday, August 19, 2018

တနင်္သာရီတိုင်းရှိမြို့များနှင့်မောင်နှမမြို့တော်ထူထောင်ရန် ထိုင်းနိုင်ငံဘက်မှ စိတ်ဝင်စားမှုပိုမိုမြင့်တက်


တနင်္သာရီတိုင်းရှိ မြို့များနှင့် မောင်နှမမြို့တော်ထူထောင်ရန် ထိုင်းနိုင်ငံဘက်မှ စိတ်ဝင်စားမှု ပိုမိုမြင့်တက်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ ကုန်သည်စက်မှုအသင်းချုပ်ရုံးမှ သိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ကန်ချနာပူရီမြို့၊ ပရာကျွတ်မြို့နှင့် တနင်္သာရီတိုင်းဒေသကြီးရှိထားဝယ်ခရိုင်၊ မြိတ်မြို့တို့ကို မောင်နှမမြို့တော်အဖြစ် သတ်မှတ်ရန် ထိုင်းနိုင်ငံဘက်မှ အထူးစိတ်ဝင်စားမှုရှိနေပြီး မောင်နှမမြို့တော်အဖြစ် ပူးပေါင်းနိုင်ပါကခရီးသွားကဏ္ဍအတွက်များစွာအကျိုးရှိလာနိုင်မည် ဖြစ်ကြောင်း သိရသည်။ “ ထားဝယ်ကခရီးသွားလုပ်ငန်းနဲ့ပတ်သက်ရင် အရမ်းကောင်းတယ်။ မောင်းမကန်ကမ်းခြေရှိတယ်။ သူ့ထက် လှတဲ့ကမ်းခြေတွေလည်းရှိသေးတယ်။ ပြီးရင် တောတွေတောင်တွေလည်းရှိတယ်။ မြိတ်ဆိုရင်လည်း မြိတ်ကျွန်းစုတွေရှိတယ်။ ဒါကြောင့် ထိုင်းနိုင်ငံဘက်ကတော်တော်လေးကိုစိတ်ဝင်စားနေတယ်။ ဒီဘက်က တာဝန်ရှိတဲ့လူတွေကိုတင်ပြတော့လည်းဘာမှမထူးခြားဘူး ” ဟု တနင်္သာရီတိုင်းဒေသကြီး၊ ကုန်သည်စက်မှု အသင်းချုပ်ရုံးမှ ဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်က ပြောသည်။ 
တနင်္သာရီတိုင်းဒေသကြီးတွင် နိုင်ငံတော်အစိုးရမှ သတ်မှတ်ထားသည့် ပုလဲမွေးမြူရေးလုပ်ငန်းနေရာမှလွဲ၍ ခရီးသွားများအများဆုံးသွားရောက်လည်ပတ်သည့် သူဋ္ဌေးကျွန်း၊ အသည်းပုံကျွန်း၊ မြင်းခွာအော်ကျွန်း၊ နှစ်ဖက်လှကျွန်းအစရှိသည့် အခြားကျွန်းများပေါ်သို့ လွတ်လပ်စွာသွားရောက်လည်ပတ်ခွင့်ပြုထားကြောင်း သိရသည်။
ယင်းအပြင် ကော့သောင်းမြို့သို့ လာရောက်လည်ပတ်သည့် ခရီးသွားဦးရေမှာ ပြီးခဲ့သည့် နှစ်များထက် သုံးဆခန့် လာရောက်လည်ပတ်မှုရှိကြောင်းသိရသည်။
စုသက်နှင်း(အကုန်သိသတင်းဌာန)

0 comments:

Post a Comment