Sunday, August 12, 2018

မာန်အောင်တွင် ကမ်းထိန်းနံရံ ကိုယ်ထူကိုယ်ထဆောင်ရွက်


ရခိုင်ပြည်နယ် ရမ်းဗြဲမြို့အတွင်းရှိ ဦးဂအုပ်စု ဇီးတောကျေးရွာအနီးရှိ ကမ်းခြေမှာ နှစ်စဉ်မြေပြိုကျနေပြီး ကမ်းခြေများပျက်စီးလာသောကြောင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဒေသခံများပြုပြင်နေကြသည်။
ကမ်းခြေမှ သဲများမပြိုကျစေရန်အတွက် ကိုထူကိုယ်ထစနစ်ဖြင့် အုန်းပင်များကို ပိုင်းဖြတ်ကာ ကမ်းခြေတွင် ကမ်းထိမ်းနံရံအဖြစ် စိုက်ထူထားကြသည်။ ထိုကမ်း ခြေပြိုကျနေခြင်းကို ရမ်းဗြဲမြို့နယ် လွှတ်တော်ကိုယ်စလှယ်နှင့် ပြည်နယ်ဝန်ကြီးချုပ်များ လာရောက်ကြည့်ရှုခဲ့စဉ် ကမ်းခြေပြိုကျခြင်းကို ထိန်းသိမ်းရန် ကမ်းထိမ်းနံရံများပြုလုပ်ပေးရန် တောင်းဆိုခဲ့သော်လည်း ယခုအချိန်ထိ တစ်စုံတစ်ရာ ပြုလုပ်ပေးခြင်းမရှိသေးဘူးဟု ဒေသခံ ဦးမြင့်လွင်က ဆိုသည်။

" အခုကတော့ အုန်းပင်တွေ သစ်ပင်တွေနဲ့ ဖြတ်ပြီးတော့ ကမ်းထိမ်းနံရံအဖြစ် ကိုယ်ဘာကိုလုပ်နေကြတယ်။ ကမ်းခြေပြိုကျနေတာကို လွှတ်တော်ကိုယ်စလှယ်တော့ ဝန်ကြီးချုပ်တော့ ရောက်တုန်းက လာကြည့်ကြတယ်။ ဒေသခံများကလည်း ဒါကို လုပ်ပေးဖို့ တောင်းဆိုကြတယ်။ ဒါပေမဲ့ အခုထိတော့ ဘာမှ လုပ်ပေးတာ မတွေ့သေးဘူး။ " ဟု သူကပြောသည်။

ထိုကမ်းခြေတွင် အရှည်ပေ ၂၀၀၀ ကျော် ရှည်လျှားပြီး ယခင်က အစိုးရဘတ်ဂျက်ငွေဖြင့် ထိုကမ်းခြေကို ကမ်းထိမ်းနံရံကို ပေ ၁၀၀၀ ကျော် ပြုလုပ်ပေးခဲ့သော်လည်း ၃ လအကြာတွင် ကမ်းထိန်းနံရံများမှာ ပြိုပျက်စီးသွားသည်ဟု ၄င်းကပြောသည်။

ကမ်းခြေပျိုကျမှုကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်နေကြပြီး ကမ်းခြေပျိုကျနေခြင်းကို ထိမ်းသိမ်းမှုမရှိဘူးဆိုလျှင် နောက် သုံးနှစ်အတွင်း ကျေးရွာပါ ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း အစိုးရအနေဖြင့် ကမ်းထိမ်းနံရံများ ပြုလုပ်ပေးရန် ဒေသခံများလိုလားနေကြသည်။

အောင်ကောင်းဇော်
Development Media Group

0 comments:

Post a Comment