Sunday, August 19, 2018

၂၀၁၈ လောင်းကစားဥပဒေကြမ်းသည် ၁၉၈၆ ဥပဒေနှင့် ရာနှုန်းပြည့်နီးပါးတူနေပြီး လမ်ဘေးဇယ်တောက်လျှင်ပင် အဖမ်းခံရနိုင်ဟု ဆို


၂၀၁၈ ခုနှစ်လောင်းကစားဥပဒေကြမ်းသည် ၁၉၈၆ ခုနှစ်လောင်းကစားဥပဒေနှင့် ၉၀ ရာခိုင်နှုန်း တူညီနေကြောင်း ဥပဒေအကြံပေး ဒေါ်နွယ်နွယ်လွင်က ပြောသည်။

ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်တွင် သြဂုတ်လ ၁၉ ရက်က ကျင်းပသော ဥပဒေစကားဝိုင်းတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ “ ၂၀၁၈ လောင်းကစားဥပဒေကြမ်းက မဆလခေတ်လောင်းကစားဥပဒေ ၁၉၈၆ ခုနှစ်ကဟာနဲ့ စကားလုံးကအစ အတူတူပဲ။ ၉၀ ရာခိုင်နှုန်းတူတယ်။ အဲဒီ ၁၉၈၆ ဥပဒေဟာ မြန်မာနိုင်ငံကို ကိုလိုနီအဖြစ် အင်္ဂလိပ်က အုပ်ချုပ်တုန်းက လောင်းကစားဥပဒေထဲကနေ ၃၀ ရာခိုင်နှုန်းယူထားတယ်။ အခု အင်္ဂလန်နိုင်ငံရဲ့  လောင်းကစားဥပဒေကိုကြည့်။ သူတို့ဥပဒေက မြန်မာနိုင်ငံလိုပိတ်မထားဘူး။ လိုင်စင်နဲ့လုပ်ခွင့်ရှိတယ်။ ဒီဥပဒေမှာက လမ်းထိပ်ဆိုက်ကားသမားတွေ ကိုယ့်ဘာသာကိုယ်ဇယ်တောက်တာ၊ လောင်းကြေးတစ်ထောင်ထပ်လည်း ဖမ်းလို့ရသလိုဖြစ်နေတယ် ’’ ဟု ဥပဒေ အကြံပေး ဒေါ်နွယ်နွယ်လွင်က ပြောသည်။ မကာအိုတွင် လောင်းကစားတက္ကသိုလ် အထိရှိပြီး အဆိုပါကျောင်းဆင်းသောသူများမှာ လောင်းကစားဝိုင်းတွင် တာဝန်ထမ်းဆောင်ကြကာ နိုင်ငံ၏လောင်းကစားဝိုင်းများသည် တိုင်းပြည်ဝင်ငွေပိုရစေကြောင်း သိရသည်။
 ဥပဒေတစ်ခုကို ဖော်ဆောင်ရာတွင် ပြဌာန်းပြီးပါက ရဲနှင့်တရားသူကြီးများမှ တိတိကျကျလိုက်နာပေးရန် လိုအပ်ပြီး ဥပဒေတစ်ခုသည် အများပြည်သူကိုအကျိုးပြုရန်လိုအပ်ကာ ၁၉၈၆ ခုနှစ်လောင်းကစားဥပဒေသည် ပြည်သူလူထုအပေါ် အကျိုးမပြုခဲ့ကြောင်း ဦးတင်မြင့်(ပြည်နယ်တရားသူကြီးငြိမ်း) က ပြောသည်။

မင်းသီဟန် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment