Wednesday, May 1, 2019

ဂျပန်ဧကရာဇ် နာရူဟီတို နန်းတက်ပွဲ အခမ်းအနား ပြုလုပ်


ဂျပန်ဧကရာဇ် နာရူဟီတို နန်းတက်ပွဲ တရားဝင်အခမ်းအနားကို မေလ ၁ ရက်နေ့က ဘုရင့်နန်းတော်အတွင်း ပြုလုပ်ခဲ့ပါတယ်။ 
ဧကရာဇ် နာရူဟီတိုဟာ ခမည်းတော် အကီဟီတို ထီးနန်းစွန့်ပြီး နောက်တရက်မှာ ထီးနန်းအရိုက်အရာကို ဆက်ခံတာဖြစ်ပါတယ်။ 

အသက် ၅၉ နှစ်အရွယ် နာရူဟီတိုဟာ ဂျပန်ထီးနန်းဆက်ခံမှု အစဉ်အလာအရ ကမ္ဘာ့ သက်တမ်းအရှည်ဆုံး မင်းဆက်ရဲ့ ၁၂၆ ဦးမြောက် ဧကရာဇ်လည်း ဖြစ်ပါတယ်။ 

ခမည်းတော် အကီဟီတိုဟာ ရာစုနှစ် နှစ်ခုအတွင်း နန်းစွန့်တဲ့ ပထမဆုံး ဂျပန်ဧကရာဇ် ဖြစ်ခဲ့ပါတယ်။ 

အနှစ် ၃၀ ကြာ ဟေးဆေးခေတ်မှာ ဧကရာဇ် အကီဟီတိုဟာ ငြိမ်း်ချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီတို့ရဲ့ တက်ကြွတဲ့ အမှတ်လက္ခဏာ ဖြစ်ခဲ့ပါတယ်။ 

ဂျပန်ပြည်သူ အတော်များများက ဧကရာဇ် နာရူဟီတိုကိုလည်း သူ့ရဲ့ ကိုယ်ပိုင်ပုံစံနဲ့ ဖခင်နည်းတူ ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ 

နန်းတက်ပွဲ ပထမဆုံးမိန့်ခွန်းမှာ ဧကရာဇ် နာရူဟီတိုက သူ့အနေနဲ့ ဂျပန်နိုင်ငံရဲ့ ဖွဲ့စည်းပုံ ဥပဒေအတိုင်း တာဝန်ဝတ္တရားတွေကို ထမ်းဆောင်မယ်လို့ ပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင် ဂျပန်ပြည်သူတွေ ပျော်ရွှင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့အတူ ဂျပန်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ ဆန္ဒပြုပါတယ် ဆိုပြီးလည်း ဧကရာဇ် နာရူဟီတိုက နန်းတက်ပွဲမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

DVB

0 comments:

Post a Comment